Connect with us

Economy

အာဆီယံ-တရုတ် ခေတ်မီ စိုက်ပျိုးရေးဆိုင်ရာပြပွဲကို မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့်စီးပွားရေးလုပ်ငန်းရှင်များပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်

အာဆီယံ-တရုတ် ခေတ်မီ စိုက်ပျိုးရေးဆိုင်ရာပြပွဲ နှင့်ပတ်သက်၍ UMFCCI ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၊ထျန်ရောင်ခရိုင် ပိုင်ဆယ်မြို့တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေမှ ၃၀ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ၉ ကြိမ်မြောက် အာဆီယံ-တရုတ် ခေတ်မှီ စိုက်ပျိုးရေးဆိုင်ရာပြပွဲကို မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့်စီးပွားရေးလုပ်ငန်းရှင်များပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI )မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ဖိတ်ကြားစာတွင် စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ တရုတ်နိုင်ငံနှင့်ပြည်ပ လေ့လာသူများပါဝင်တက်ရောက်မည်ဖြစ်ပြီး၊လုပ်ငန်းရှင်များသည် ၎င်းတို့၏စိုက်ပျိုးရေးဆိုင်ရာနည်း အသစ်များ ထုတ်ကုန်များ ခင်းကျင်းပြသမည်ဖြစ်ကြောင်း၊ပြပွဲတွင် အခန်းပေါင်း(၅၈၆)ခန်းဖြင့်ပါဝင်ပြသမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များပါဝင်တက်ရောက် ပြသပေးရန် ၊ပြပွဲသို့ တက်ရောက် မည့် ကိုယ်စားလှယ်များကို ထျန်ရောင်ခရိုင် အတွင်းနေထိုင်စားရိတ် (အပြည်ပြည်ဆိုင် ရာလကြောင်းစရိတ်မပါ) အားပြပွဲကျင်းပရေးကော်မတီမှ ကျခံပေးမည်ဖြစ်ကြောင်း၊ ပြခန်းငယ် ၃ မီတာပတ်လည် ပြခန်းစရိတ် ပေးရန်မလိုကြောင်း ၊ပြပွဲ၌စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းမှုများပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အဆိုပါ ပြပွဲသို့ စိတ်ပါဝင်စား၍ မြန်မာနိုင်ငံမှစိုက်ပျိုးရေးနှင့်ပတ်သက်သည့်လုပ်ငန်းရှင် များပါဝင်တက်ရောက် ပြသရန်အတွက် ပါဝင်ပြသမည့် အမည်စာရင်း ပြခန်းအရေအတွက် ကုမ္ပဏီအမည် ဆက်သွယ်ရန်လိပ်စာများ နှင့် တကွ UMFCCI အသင်းချုပ်ပြပွဲဌာနစိတ် ဖုန်းအမှတ် ၀၁-၂၃၁၄၃၄၄ -၂၃၁၄၃၄၉ တဆင့် (၃၀၁) နှင့် Email [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း UMFCCI ၏ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.