Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ကန်ပိုက်တီးစခန်းမှ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောများ အဓိကတင်ပို့၊ ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်အထိ အမေရိကန်ဒေါ်လာ ၃၁.၁၉၆ သန်း တင်ပို့နိုင်ခဲ့ - Xinhua News Agency
Connect with us

Economy

ကန်ပိုက်တီးစခန်းမှ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောများ အဓိကတင်ပို့၊ ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်အထိ အမေရိကန်ဒေါ်လာ ၃၁.၁၉၆ သန်း တင်ပို့နိုင်ခဲ့

ငှက်ပျောခိုင်များအကြား အလုပ်လုပ်နေကြသူများအား၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ မိုးတွင်းကာလတွင် တစ်သျှူးငှက်ပျော များ အဓိကတင်ပို့နေရပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက် မှ ဇွန် ၁၇ ရက်အထိ အမေရိကန်ဒေါ်လာ ၃၁.၁၉၆ သန်း တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂.၃၀၄ သန်းဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

ကချင်ပြည်နယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူတစ်ဦး က “မိုးတွင်း ဖြစ်တော့ တခြားကုန်စည်တွေကတော့ သိပ်တင်ပို့မှုမရှိဘူး။ တစ်သျှူးငှက်ပျော ကိုပဲ အဓိက တင်ပို့နေရပါတယ်။’’ ဟု ဆင်ဟွာသို့ ပြောသည်။

တစ်ရှုးငှက်ပျောများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တစ်ဖက်ကမ်းက ဝိုင်းမော်၊ မိုးမောက် နဲ့ ဝန်းမော် မြို့နယ်များတွင် ၂၀၀၆ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ထားသော စာရင်းအရ ပြည်နယ်တစ်ခုလုံးတွင် တစ်သျှူးငှက်ပျော စိုက်ဧက ၆၀,၀၀၀ ကျော်အထိရှိပြီး ကချင်ပြည်နယ်အတွင်း အဓိက စိုက်ပျိုးလျက်ရှိနေသည့် တစ်သျှူးငှက်ပျောများကို ကန်ပိုက်တီး နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကပို့ဆောင်လျက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းမင်းက “ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက် မှ ဇွန် ၁၇ ရက်အထိ ကျွန်တော်တို့ သွင်းကုန်ရော၊ ပို့ကုန်ရောကို အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ပိုမိုတင်ပို့နိုင်တယ်လို့ ပြောလို့ရပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ ကာလတူ မှာဆိုရင် သွင်းကုန်ရော၊ ပို့ကုန်ရောကို အမေရိကန်ဒေါ်လာ ၂၅.၄၀၅ သန်း ပဲ ဆောင်ရွက်နိုင်ခဲ့ပါတယ်’’ ဟု ဆင်ဟွာသို့ပြောသည်။ (Xinhua)