Connect with us

Sino-Myanmar

“မြစ်ညာမှာနေထိုင်သူများ”မှတ်တမ်းရုပ်ရှင်အား ဇူလိုင်လ ၃ ရက်နေ့မှစ၍ တနင်္ဂနွေနေ့တိုင်း Skynet Knowledge ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသမည်

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မြစ်ညာမှာနေထိုင်သူများ မှတ်တမ်းရုပ်ရှင်မြန်မာစာတန်းထိုးအား ၂၀၂၂ခုနှစ် ဇူလိုင် ၃ ရက်မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၁၁ နာရီနှင့် ည ၇ နာရီတွင် Skynet Knowledge ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ ဇွန် ၂၉ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် ခေတ်အဆက်ဆက် အိမ်နီးချင်းနိုင်ငံများအဖြစ် အတူနေထိုင်ခဲ့ကြပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သမိုင်းကြောင်းရှည်ကြာ
လှကြောင်း၊ နှစ်နိုင်ငံပြည်သူများသည် “တစ်မြစ်တွင်းရေ အတူသောက်သုံးကာ” လန်ချန်းမြစ်-မဲခေါင်မြစ်က မိမိတို့၏အသက်သွေးကြောကို ရင်းနှီးစွာချိတ်ဆက်နေစေကြောင်း သိရသည်။

စန်းကျန်းယွမ်ဒေသသည် လန်ချန်းမြစ်၊ မဲခေါင်မြစ်၊ မြစ်ဝါမြစ်တို့ မြစ်ဖျားခံရာဒေသဖြစ်သည်။ ဤနေရာသည် ကုန်းပြင်မြင့်ဇီဝမျိုးစုံမျိုးကွဲမှု စုစည်းမှုအများဆုံးနေရာအနက် တစ်နေရာဖြစ်ပြီး တစ်ကမ္ဘာလုံး ရာသီဥတုပြောင်းလဲမှု၏ အကဲဆတ်ဆုံးနှင့် အရေးပါဆုံးစတင်ရာဒေသဖြစ်သည်။
ဤနေရာတွင် လူသားတို့က မိုးမြေကိုလေးစား၍ သက်ရှိများကို ချစ်မြတ်နိုးကာ သဘာဝနှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကြကြောင်း၊
မှတ်တမ်းရုပ်ရှင် “မြစ်ညာမှာနေထိုင်သူများ” တွင် အဖိုးတန်လှသည့်ကင်မရာများဖြင့် စန်းကျန်းယွမ်ဒေသမှ လူသားနှင့်သဘာဝ သဟဇာတဖြစ်စွာယှဉ်တွဲနေထိုင်သည့်ပုံပြင်ကို မှတ်တမ်းတင်ထားခြင်းဖြစ်
ပြီး တိဗက်ကုန်းပြင်မြင့်ဒေသအတွင်းပိုင်း၏ သဘာဝအလှနှင့် သက်ရှိအလှတရားများကို တင်ဆက်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.