Connect with us

Politics

တရုတ်နိုင်ငံ တိဘက် ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တို့ တွေ့ဆုံ

တရုတ်နိုင်ငံ တိဘက် ဒေသ၏ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ ဝင် နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တို့ တွေ့ ဆုံစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ဇွန် ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့သွားရောက်ကာ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တွေ့ဆုံခဲ့ကြသည်။

ထို့သို့တွေ့ဆုံခဲ့ရာတွင် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ဦးစွာ ပြောကြားခဲ့ပြီး နှစ်ဘက် အပြန်အလှန် လွှတ်တော် အကြောင်း ရှင်းလင်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် အပါအဝင် တိုင်းဒေသကြီး လွှတ်တော် ကော်မတီများမှ ကိုယ်စားလှယ်များ ၊ တိုင်းဒေသကြီး လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)