Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု အကျိုးပြုစေနိုင်ရန် အလေးထား ဦးစားပေး ဆောင်ရွက်သွားမည်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဆင်ဟွာ အင်တာဗျူးဖြေကြားနေစဉ် (ဆင်ဟွာ)

ရခိုင် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတတ်ရေး အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးပါရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ်လ ၅ ရက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် ရခိုင်ပြည်နယ်သို့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ ကူညီလှူဒါန်းမှု ပြုလုပ်ရန် သွားရောက်ခဲ့ရာတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နေသည့် အခြေအနေများကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ထည့်သွင်း ရှင်းလင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးသည် အပြန်အလှန် ထောက်ပံ့ ကူညီနိုင်ပြီး စီးပွားရေး ၊ ကူးသန်း ရောင်းဝယ်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြည်သူ လူထုအတွက် အကျိုးပြုစေနိုင်ရန် အလေးထား ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ စီမံကိန်းသည် ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ပါက ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လမ်းကြောင်းအတွက် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်မည် ဖြစ်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး စီမံဆောင်ရွက်ချက်များ အနေဖြင့် ပုဏ္ဏားကျွန်းမြို့၌ ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်းကို ကျောက်ဖြူ အများပိုင် ကုမ္မဏီနှင့် ပူးပေါင်း၍ နိုင်ငံနှင့်ဒေသများ ဖြစ်သည့် စင်ကာပူ ၊ တရုတ် ၊ ဟောင်ကောင် ၊ မကာအိုတို့ပါဝင် ပေါင်းစပ်ပြီး ဧက ၁,၈၀၀ အကျယ်အဝန်းပေါ်တွင် လုပ်ငန်း လုပ်ကွက်များ အလိုက် အကောင် အထည်ဖော်ရန် စီမံ ဆောင်ရွက်နေသည်။ စစ်တွေ နန္ဒဝန် ရုက္ခဗေဒ ဥယျာဉ်ကို နိုင်ငံတကာ အဆင့်မီ အဆင့်မြှင့်တင်နိုင်ရေး အတွက် ပထမအဆင့် ရင်းနှီးမြှုပ်နှံမှု အတွက် ကျပ်ငွေ သန်း ၃ ထောင် ပမာဏဖြင့် Golden Green Energy ကုမ္မဏီနှင့် BOT စနစ်ဖြင့် စတင် စီမံအကောင်အထည်ဖော် ဆောင်ရွက်နေသည်။

ထို့ပြင် အော်ဂဲနစ် စံပြ စိုက်ခင်းကို Golden Green Energy ကုမ္မဏီနှင့် ပူးပေါင်း၍ ကျပ်သန်း ၂၀၀ ခန့်ရင်းနှီးမြှုပ်နှံ၍ နိုင်ငံတကာ အဆင့်မီ စီမံ ဆောင်ရွက်သွားမည် ဖြစ်သည်။ စစ်တွေမြို ့ပွိုင့် အပန်းဖြေ ကမ်းခြေ စခန်းကို နိုင်ငံတကာ အဆင့်မီ ဖြစ်စေရန် စီစဉ်လျှက်ရှိနေပြီး တရုတ်ပညာရှင်များနှင့် ပူးပေါင်းပြီး လျှပ်စစ် မီးစနစ်ကို ခေတ်အမီဆုံး ဖြစ်အောင် ဆောင်ရွက်နေသည်။ ပွိုင့် အပန်းဖြေ ကမ်းခြေ စခန်းတွင်လည်း Rakhine Kitchen နိုင်ငံတကာ အဆင့်မီ စားသောက်ဆိုင် ဖွင့်လှစ် ဆောင်ရွက်ရန်လည်း စီမံ ဆောင်ရွက်နေသည်။ မေယုဈေးကို အဆင့်မြင့် Shopping Center တစ်ခုအဖြစ် Golden Green Energy ကုမ္ပဏီနှင့် စီမံ ဆောင်ရွက်နေသည်။ ထို့နောက် မြို့ပြ အိမ်ရာ စီမံကိန်း အသစ်ကို အမေရိကန် ဒေါ်လာ ၃၂ သန်းခန့်ဖြင့် အကောင်အထည် ဖော်ရန် စီမံထားသည်။ စစ်တွေမြို့ ဝေသာလီ အားကစားကွင်းကို အဆင့်မြှင့်တင်ပြီး အားကစားကွင်းဘေးတွင် မြို့ပြ စီမံကိန်းတစ်ခု စီမံ ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)