Connect with us

Social

မန္တလေးမြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံးချုပ် စစ်သံမှူးမှ ရေဘေး ဒုက္ခသည် များအတွက် လှူဒါန်းရန် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေး

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ကောင်စစ်ဝန်ရုံးချုပ် စစ်သံမှူး ဝမ်ယွီ (Wang Yu) နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် သြဂုတ်လ ၄ ရက်နေ့တွင် မန္တလေး မြို့၌ တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

မန္တလေး ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မန္တလေးမြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် ဝမ်ယွီ (Wang Yu) သည် သြဂုတ်လ ၄ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် တေ့ွဆုံခဲ့ပြီး ရေဘေးသင့် ဒေသ အခြေအနေ များနှင့် ကူညီ ထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ရန် ဆွေးနွေး ခဲ့ကြသည်။

ကောင်စစ်ဝန်ချုပ် ဝမ်ယွီမှ ရေဘေး ဒုက္ခကြောင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပြည်သူလူထု များ၏ အသက်အိုးအိမ် စည်းစိမ် ဆိုးရွားစွာ ထိုက်ခိုက်ပျက်စီး ခဲ့ရသဖြင့် ကောင်စစ်ဝန်ရုံး အနေဖြင့် ထပ်တူထပ်မျှ ဝမ်းနည်း ရကြောင်း ၊ ထို့ကြောင့် ကောင်စစ်ဝန်ရုံး အနေဖြင့် မန္တလေးတိုင်း အစိုးရထံသို့ လှူဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ရေဘေး ဒုက္ခသည်များအား တက်နိုင်သော အကူအညီများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မန္တလေး တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်မှ တရုတ် ကောင်စစ်ဝန်ရုံးမှ လှူဒါန်းမှု ပြုလုပ်မည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရ အနေဖြင့် ရေဘေးသင့် ဒေသများရှိ ပြည်သူလူထု များကို ကြိုတင် ရွှေ့ပြောင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ပြန်လည်နေရာချထားရေး နှင့် ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ၊ ကောင်စစ်ဝန် ရုံးမှ လှူဒါန်းမည့် လှူဒါန်းငွေ အား ပြည်သူများ အရေးပေါ်လိုအပ်နေသည့် နေရာများတွင် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117