Connect with us

Social

ဟွာဝေးကုမ္ပဏီက ငလျင်ကြောင့် ထိခိုက်ယိုယွင်းသွားရသည့် ပုဂံရှိ စေတီပုထိုးများအတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းမည်

ပုဂံရှိဘုရားများအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

Huawei (ဟွာဝေး) ကုမ္ပဏီက ပုဂံရှိ သမိုင်းဝင် စေတီပုထိုးများ မြေငလျင်ကြောင့် ထိခိုက် ယိုယွင်းသွားမှုအား ပြုပြင်ထိန်းသိမ်းရန် အတွက် မြန်မာငွေကျပ်သိန်း ၅၀၀ နှင့် Huawei P9 စမတ်ဖုန်း အလုံး၁၀၀ အားပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

Huawei အနေဖြင့် ပျက်စီးသွားသော စေတီပုထိုးများကို ပြုပြင်မွမ်းမံရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို လှူဒါန်းကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြုပြင်မွမ်းမံမည့် ပညာရှင်များ အလွယ်တကူ ဆက်သွယ်ချိတ်ဆက် အလုပ်လုပ်နိုင်ရန် Huawei P9စမတ်ဖုန်းများအား ပေးအပ်လှူဒါန်းရာတွင် ထည့်သွင်းရခြင်း ဖြစ်ကြောင်း Huawei Mobile Myanmar မှ သတင်းထုတ်ပြန်ခဲ့သည်။

Huawei Mobile Myanmar အနေဖြင့် ပြီးခဲ့သည့် အပတ်တွင်လည်း မြန်မာနိုင်ငံ ရေဘေးအတွက် ကျပ်သိန်း၁၀၀ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.