Connect with us

Social

မြန်မာ-တရုတ် ဗဟိုစီးပွားရေးဇုန် ၂၀၁၈ တွင် ဖွင့်လှစ်နိုင်မည်မှန်း

မူဆယ်မြို့၌ တည်ဆောက်လျက် ရှိသော ဗဟို စီးပွားရေးဇုန် စီမံကိန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းခန့် ကုန်သွယ်မှု ပြုလုပ်လျက် ရှိသည့် မူဆယ်မြို့၌ တည်ဆောက်လျက် ရှိသော ဗဟို စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများမှာ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သဖြင့် ၂ဝ၁၈ ခုနှစ်တွင် အပြီးသတ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယင်းစီမံကိန်း ကို အကောင် အထည်ဖော် ဆောင်ရွက်နေသည့် နယူးစတားလိုက် ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

စီးပွားရေး အချက်အချာ ကျသော မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နှင့် မြန်မာ-တရုတ် နယ်စပ်အနီး ရွှေလီမြစ်ဝှမ်း၌ တည်ရှိပြီး ယင်း စီမံကိန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း တစ်ခုလုံးကို ဇုန်ခြောက်ဇုန်ဖြင့် အကောင် အထည်ဖော် နေခြင်းဖြစ်ပြီး ဇုန် ၁၊ ၂၊ ၃ ကို Commercial Zone အဖြစ် သတ်မှတ်ထားကာ ဇုန် ၄၊ ၅၊ ၆ ကို Residential Zone အဖြစ် သတ်မှတ် ထားကြောင်း၊ စီမံကိန်းကြီးအား စုစုပေါင်းမြေ ၂၉၄.၇၈၉ ဧက၌ တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.