Connect with us

Social

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း ၉၁ နှစ်မြောက် အခမ်းအနား ရန်ကုန်မြို့ ၌ ကျင်းပ


ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း ၉၁ နှစ်မြောက် အခမ်းအနားကို ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ် ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြသည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း အခမ်းအနားသို့ပြည်ထောင်စု မြန်မာ နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး နှင့်ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ အရာရှိကြီးများ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီ တာဝန်ခံ Mrs.Li Xiaoyan ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စစ်သံမှူး ရှုန်းဆောင်ဝေ(Xiong Shaowei) သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စစ်သံမှူး ရှုန်းဆောင်ဝေ က မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စစ်သံမှူး ရှုန်းဆောင်ဝေက တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ သမိုင်းကြောင်းများ ၊ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်း ပြောကြားခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင် ရေမြေ ထိစပ်နေပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှေးယခင်ကတည်းက တည်ရှိခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နှင့် တပ်မတော် နှစ်ရပ် ၏ ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးသည် ပို၍ ခိုင်မြဲလာပြီး ပူးပေါင်း ဆောင်ရွက်ရေးသည် အဆင်မပြတ် နက်ရှိုင်း လာနေကြောင်း ၊ လွန်ခဲ့သော ၁ နှစ်တာ ကာလ အတွင်း တပ်မတော် နှစ်ရပ် ဆက်ဆံရေးသည် တိုးတက်မှု အသစ် ရရှိခဲ့ပြီး နယ်ပယ် အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့် သွားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ၉၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ၉၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ၉၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ၉၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ထိုနောက် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း ၉၁ နှစ်မြောက် အထိမ်းအမှတ်ကိတ်အား ပြည်ထောင်စု မြန်မာ နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး နှင့်ဇနီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စစ်သံမှူး ရှုန်းဆောင်ဝေ နှင့် ဇနီး ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီ တာဝန်ခံ Mrs.Li Xiaoyan တို့က လှီးဖြတ်ပေးခဲ့ကြသည်။

ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း ၉၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား သို့ နိုင်ငံတကာ သံရုံးများများမှ စစ်သံမှူး များ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.