Connect with us

Social

ရခိုင်ပြည်နယ် ဒေသခံများအတွက် တရုတ်နိုင်ငံမှ တံတားနှစ်စင်း တည်ဆောက်ပေး

တရုတ်-မြန်မာ ချစ်ကြည်ရေးတံတား ဆိုင်းဘုတ်အား တွေ့ရစဉ်(ဓါတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ကျောက်တော်နှင့် မြောက်ဦး မြို့နယ်များရှိ ကျေးလက်တောရွာဒေသများတွင် သွားရေးလာရေးအဆင်ပြေစေရန် တံတား ၂ စင်း တည်ဆောက်ပြုပြင်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မြန်မာကျပ်ငွေ သိန်း ၂၀၀ လှူဒါန်းပေးအပ် ခဲ့ကြောင်း သိရသည်။

တည်ဆောက်ပြုပြင်မည့် တံတား ၂ စင်း အနက် အန္တရာယ်များသည့် တံတားတစ်စင်းကို ပြုပြင် တည်ဆောက်ပြီးဖြစ်ရာ အနီးပတ်ဝန်းကျင်ရှိ ရာနှင့်ချီသည့်ဒေသခံရွာသူရွာသားများအား အကျိုး ဖြစ် ထွန်းစေခဲ့ကြောင်း သိရသည်။ ထိုဒေသရှိ ရွာခံ ဦးစောရွှေထွန်းကို ဆင်ဟွာက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် ၎င်းက “အရင်တုန်းက လမ်းတံတားမကောင်းတော့ သွားရလာရတာအခက်အခဲဖြစ် တယ်။ အခု ဒီတံတားကြီး တည်ဆောက်ပြုပြင်ပြီးသွားတော့ ကျွန်တော်တို့တွေအတွက် သွားရလာရ တာ အများကြီးအဆင်ပြေသွားတာပေါ့။ ဒီတံတားကြီးကို တည်ဆောက်ပြုပြင်ဖို့ လှူဒါန်းသည့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုကော ၊ တာဝန်ယူတည်ဆောက်ပေးတဲ့ ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းကိုကော အထူးကျေးဇူးတင်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

မူလ အန္တရာယ်များသည့် တံတားဟောင်းအား တွေ့ရစဉ် (ဓါတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ပြုပြင်တည်ဆောက်ပြီးသည့် တံတားသစ်အား တွေ့ရစဉ်(ဓါတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ကျေးရွာများနှင့်စာသင်ကျောင်းကို ဆက်သွယ်နေသည့် ပြိုကျပျက်စီးနေသည့် ချောင်းကူးတံတားအား တွေ့ရစဉ်(ဓါတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ကျေးရွာများနှင့်စာသင်ကျောင်းကို ဆက်သွယ်နေသည့် ပြိုကျပျက်စီးနေသည့် ချောင်းကူးတံတားအား ပြုပြင်တည်ဆောက်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ကျန်ရှိနေသေးသည့် ပြိုကျပျက်စီးနေသည့် တံတား တစ်စင်းကို လျင်မြန်စွာ တည်ဆောက် ပြုပြင် လျက်ရှိကြောင်း၊ အဆိုပါတံတားမှာ ကျေးရွာများမှ စာသင်ကျောင်းသို့ သွားရာတွင် မဖြစ်မနေ ဖြတ်သွားရသည့် တံတားဖြစ်ကြောင်း သိရသည်။ ထိုတံတားတည်ဆောက်ပြီးစီးပါက အနီးပတ်ဝန်းကျင်ရှိ ထောင်နှင့်ချီသော ရွာသူရွာသားများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သလို အထူးသဖြင့် ကျောင်းသူကျောင်းသားများအတွက် ကျောင်းသွားလျှင် ချောင်းဖြတ်ကူးရသည့် ဒုက္ခမှ ကင်းဝေးစေမည် ဖြစ်ပါသည်။

အဆိုပါ တံတားနှစ်စင်းကို မြန်မာနိုင်ငံ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ တာဝန်ယူ တည်ဆောက်ပေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.