Connect with us

Social

မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြား နှင့် ကွမ်ရှီး ပြည်သူ့ အသံလွှင့် ဌာန တို့ ပူးပေါင်း ဆောင်ရွက်သည့် တရုတ် ကာတွန်းကား အစီအစဉ် စတင်

တရုတ် ကာတွန်းကား အစီအစဉ် စတင် ဆောင်ရွက်ခြင်း အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

ပြန်ကြားရေး ဝန်ကြီး ဌာန ၊ မြန်မာ့ အသံ နှင့် ရုပ်မြင် သံကြား နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ ကွမ်ရှီး ပြည်သူ့ အသံလွှင့် ဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် တရုတ် ကာတွန်းကား အစီအစဉ် စတင် ဆောင်ရွက်ခြင်း အခမ်းအနားအား ယနေ့ ဇူလိုင် ၉ ရက်တွင် နေပြည်တော်ရှိ MRTV ရုံးချုပ်၌ ပြုလုပ်ခဲ့သည်။

တရုတ် ကာတွန်းကား အစီအစဉ်တွင် ပထမဦးဆုံး ပြသမည့် ကာတွန်းကားမှာ တောပျော်မျောက်ကလေး ကျွမ့်ကျွမ့် ဖြစ်ပြီး ဇူလိုင် ၁၀ ရက်မှ စတင်၍ တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီခွဲ အချိန်တွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ် ကာတွန်းကား တောပျော် မျောက်ကလေး ကျွမ့်ကျွမ့် ဇာတ်လမ်းတွဲအား အခမ်းအနားတွင် ပြသနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ကာတွန်းကား တောပျော် မျောက်ကလေး ကျွမ့်ကျွမ့် ဇာတ်လမ်းတွဲအား အခမ်းအနားတွင် ပြသနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ကာတွန်းကား တောပျော် မျောက်ကလေး ကျွမ့်ကျွမ့် သည် ကွမ်ရှီးဒေသတွင် သာရှိသော တရုတ်နိုင်ငံ၏ ပထမ အဆင့် ကာကွယ်ထားသည့် ခေါင်းဖြူ မျောက်ကလေးကို အဓိက ဇာတ်ဆောင် အဖြစ် တီထွင်ကာ ဇာတ်လမ်းဆင် ရိုက်ကူးခြင်း ဖြစ်ပြီး လူငယ်များ သဘာဝ ပတ်ဝန်းကျင်ကို မြတ်နိုး ကာကွယ် ရန်နှင့် သင့်မြတ်စွာ နေထိုင်ရန် ရည်ရွယ်၍ ပြသခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ အသံ နှင့် ရုပ်မြင် သံကြား နှင့် ကွမ်ရှီး ပြည်သူ့ အသံလွှင့် ဌာနတို့ သည် ၂၀၁၇ ခုနှစ် ၊ သြဂုတ်လတွင် တရုတ် ရုပ်သံ ဇာတ်လမ်းတွဲ အစီအစဉ် ကို ပူးပေါင်း ဆောင်ရွက်ခဲ့ရာ မင်္ဂလာပါ ချောင်အန်း ၊ မေတ္တာ မျဉ်းပြိုင် ၊ အေးအတူ ပူအမျှ စသော လူကြိုက်များသည့် တရုတ် ဇာတ်လမ်းတွဲကို အပိုင်း ၁၀၀ ကျော် ပြသခဲ့ရာ မြန်မာ ပရိသတ်များ၏ နှစ်သက်မှုကို ရရှိခဲ့သည်။

ပြန်ကြားရေး ဝန်ကြီး ဌာန ၊ မြန်မာ့ အသံ နှင့် ရုပ်မြင် သံကြား နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ ကွမ်ရှီး ပြည်သူ့ အသံလွှင့် ဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် တရုတ် ကာတွန်းကား အစီအစဉ် စတင် ဆောင်ရွက်ခြင်း အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် အပါအဝင် တရုတ် – မြန်မာ နှစ်နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.