Connect with us

Social

ရေဘေးအန္တရာယ် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို မြှင့်တင်ရန် မျှော်လင့်ဟု တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆင်ဟွာသင်းဌာန အင်တာဗျူးဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေဘေးအန္တရာယ် ကာကွယ်နိုင်စွမ်း မြှင့်တင်ရန် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကိုလည်း မြှင့်တင်ရန် မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အောက်တိုဘာ ၇ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် ရေဘေး အန္တရာယ်မှ သင်ခန်းစာ ယူပြီး ရေဘေး အန္တရာယ် အဆောက်အအုံ တည်ဆောက်ရန် လိုအပ်ပါကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် မိမိတို့၏ အတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် မျှဝေ လိုပါကြောင်း ၊ ယခုအခါ ရေဘေးအန္တရာယ် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု စတင် အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့အကောင်အထည် ဖော်ရာတွင် တရုတ်နိုင်ငံ အနေဖြင့် အပြည်ပြည်ဆိုင်ရာတွင် တခြားနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒလည်း ရှိပါကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော် နှင့် တရုတ်ဆည်မြောင်း ပညာရှင်များ အဖျောက် ရေလမ်းကြောင်းနှင့် တာတမံအား လေ့လာနေစဉ် (ဆင်ဟွာ)

ယခု မြန်မာနိုင်ငံ သမ္မတ ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ လာရောက်ပြီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် တွင် ရေဘေး အန္တရာယ် ကာကွယ်ရန် အဆောက်အအုံ အခြေအနေများကို လာရောက် လေ့လာခြင်း ဖြစ်ကြောင်း ၊ ယခု လာရောက်သည့် ကျွမ်းကျင် ပညာရှင်များမှာ တရုတ်နိုင်ငံတွင် အဆင့်မြင့် ကျွမ်းကျင်သူများ ဖြစ်ပြီး ရန်ကုန် ၊ မန္တလေး ၊ စစ်ကိုင်း ၊ ဧရာဝတီ တိုင်းဒေသကြီးများသို့သွားရောက် လေ့လာသွားမည် ဖြစ်ပါသည်။ ၎င်းတို့၏ လေ့လာတွေ့ရှိချက်များကို မြန်မာနိုင်ငံ အစိုးရထံသို့အကြံပြုချက် အစီရင်ခံစာ တင်ပြသွားမည် ဖြစ်ပြီး ကျွမ်းကျင် ပညာရှင်များ၏ အကြံပြုချက် အတိုင်း နှစ်ဘက် ပူးပေါင်း ဆောင်ရွက်၍ နောင်တွင် ဧရာဝတီမြစ် ရေဘေး အန္တရာယ် ထိန်းသိမ်း ကာကွယ်ရန် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်၍ တရုတ်နိုင်ငံမှ ရေအရင်း အမြစ်ဆိုင်ရာ ပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံတွင် အနာဂတ် ရေဘေး အန္တရာယ် ကာကွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ထွန်းကားရေးကို အထောက်အကူပြုရန် အတွက် ဧရာဝတီ မြစ်ကြောင်း တလျှောက် ရေစီးဆင်းမှုနှင့် ရာသီဥတု ဆိုင်ရာ လက်ရှိ အခြေအနေများကို စေ့စပ်စွာ လေ့လာ စစ်ဆေးရန် အောက်တိုဘာ ၇ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ အဖျောက် ရေလမ်းကြောင်းနှင့် တာတမံသို့ သွားရောက် လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။ (Xinhua)