Connect with us

Social

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဦးဆောင်၍ တရုတ်ဆည်မြောင်း ပညာရှင်များ မြန်မာနိုင်ငံ မြစ်ကြောင်း အခြေအနေများ စတင် လေ့လာ

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော် နှင့် တရုတ်ဆည်မြောင်း ပညာရှင်များ ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ အဖျောက်ရေလမ်းပိုင်း တွင် ရေတိုက်စားသွားသော မြစ်ကမ်းများအား လေ့လာနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်၍ တရုတ်နိုင်ငံမှ ရေအရင်း အမြစ်ဆိုင်ရာ ပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံတွင် အနာဂတ် ရေးဘေး အန္တရာယ် ကာကွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ထွန်းကားရေးကို အထောက်အကူပြုရန် အတွက် ဧရာဝတီ မြစ်ကြောင်း တလျှောက် ရေစီးဆင်းမှုနှင့် ရာသီဥတု ဆိုင်ရာ လက်ရှိ အခြေအနေများကို စေ့စပ်စွာ လေ့လာ စစ်ဆေးရန် ယနေ့အောက်တိုဘာ ၇ ရက်နေ့တွင် စတင်၍ ရန်ကုန်တိုင်း ဒေသကြီး ဧရာဝတီ အရှေ့ဘက်ကမ်းရှိ အဖျောက် ရေလမ်းကြောင်းနှင့် တာတမံသို့ သွားရောက် လေ့လာခဲ့ကြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အဖျောက် တာတမံသို့ ရောက်ရှိစဉ် လယ်ယာ စိုက်ပျိုးရေးနှ င့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် ဆည်မြောင်း ရေးရာ တာဝန်ရှိသူများက မြစ်ကြောင်းနှင့် တာတမံ အခြေအနေများ အစရှိသည်တို့ နှင့်ပတ်သက် ၍ ရှင်းလင်း ပြသခဲ့ပြီး ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော် နှင့် တရုတ်ဆည်မြောင်း ပညာရှင်များ အဖျောက် ရေလမ်းကြောင်းနှင့် တာတမံအား လေ့လာနေစဉ် (ဆင်ဟွာ)

ထို့ပြင် ဆက်လက်၍ ဧရာဝတီတိုင်း အတွင်းရှိ ညောင်တုန်း ၊ ပန်းတနော် ၊ မြောင်းမြ ၊ ပုသိမ် ၊ ငသိုင်းချောင်း ၊ လေးမျက်နှာ ၊ ဟင်္သာတ မြို့နယ်များရှိ မြစ်ကြောင်း တစ်လျှောက်သို့လည်း သွားရောက် လေ့လာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ (Xinhua)