Connect with us

Social

မြစ်ဝကျွန်းပေါ် ဒေသများရှိ တာတမံများ အရေးပေါ် ရေဘေးကာကွယ်ရေး လုပ်ငန်းများအပြင် ရေတို/ရေရှည် စီမံကိန်းများဖြင့် တရုတ်နိုင်ငံ က ကူညီမည်ဟုဆို

လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော် ဆင်ဟွာ အင်တာဗျူး ဖြေကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

မြစ်ဝကျွန်းပေါ် ဒေသများတွင် တာတမံများ အရေးပေါ် ရေဘေးကာကွယ်ရေး လုပ်ငန်းများအပြင် ရေတို/ရေရှည် စီမံကိန်းများဖြင့် တရုတ်နိုင်ငံမှ ပူးပေါင်းကူညီဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က အောက်တိုဘာ ၇ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး များ အတွင်းရှိ မြစ်ဝကျွန်းပေါ် ဒေသများတွင် တာတမံ ၁၅ ခု ၊ အရှည်မိုင် အားဖြင့် ၄၆၈ မိုင်တွင် အရေးပေါ် ရေဘေးကာကွယ်ရေး လုပ်ငန်းများအတွက် တရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၃၈.၄ သန်းဖြင့် ကူညီ ဆောင်ရွက်မည့် အပြင် ရေရှည် စီမံချက်ဖြင့် မြစ်ကြောင်း ထိန်းသိမ်းခြင်း ၊ ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေးရေး အပါအဝင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ် လုပ်ဆောင်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော် နှင့် တရုတ်ဆည်မြောင်း ပညာရှင်များ အဖျောက် ရေလမ်းကြောင်းနှင့် တာတမံအား လေ့လာနေစဉ် (ဆင်ဟွာ)

“မြန်မာနိုင်ငံ သမ္မတကြီးက တရုတ်နိုင်ငံ သမ္မတကြီးကို အကူအညီ တောင်းတော့ တရုတ်နိုင်ငံက ကျွမ်းကျင်သူ ပညာရှင်အဖွဲ့ကို လွှတ်ပြီး လေ့လာမှုတွေ လုပ်ပြီးရင် ဆက်တိုက် တရုတ်နိုင်ငံ ကနေပြီးတော့ ထောက်ပံ့မှုတွေ ပေးမယ်။ ကျွမ်းကျင်မှု ပညာရော ငွေကြေး အထောက်အပံ့ရော နှစ်ခုလုံး ပေးပြီးတော့ အချိန်မီ ပြုပြင်ဖို့ပါ။ အခု သွားကြည့်တာကတော့ လာမယ့် ပွင့်လင်းရာသီမှာ ပြင်ဖို့ အတွက်ပါ။ တဆက်တည်းမှာ ရေရှည် အတွက်ကို အကျိုးရှိဖို့ အတွက်လည်း ရေရှည် စီမံချက်နဲ့ ပြင်ဖို့လည်း သွားရောက် လေ့လာတာ ဖြစ်ပါတယ်။

အခု အစီအစဉ်က ပြီးခဲ့တဲ့ ရေဘေးကြောင့် ဖြစ်ခဲ့တဲ့ ရေဘေးကာကွယ်ရေးကို အဓိက ဦးတည် ဆောင်ရွက်တာပါ”ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် အနာဂတ် ရေဘေး အန္တရာယ် ကာကွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ထွန်းကားရေးကို အထောက်အကူပြုရန် ဧရာဝတီ မြစ်ကြောင်း တလျှောက် ရေစီးဆင်းမှုနှင့် ရာသီဥတု ဆိုင်ရာ လက်ရှိ အခြေအနေများကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်ဇော် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များသည် အောက်တိုဘာလ ၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အဖျောက် ရေလမ်းကြောင်းနှင့် တာတမံသို့ သွားရောက် လေ့လာမှုများ စတင်ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.