Connect with us

NPC

NPC အခြေခံဥပဒေနှင့် ဥပဒေကော်မတီတို့က တရားမကျင့်ထုံးဥပဒေမူကြမ်း၊ ဟောင်ကောင်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အပေါ် တင်ပြဆွေးနွေး

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက်အစည်းအဝေး၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)

အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေကော်မတီက တရားမကျင့်ထုံးဥပဒေမူကြမ်းနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအား အမျိုးသားလုံခြုံရေး ထိန်းသိမ်းရန်အတွက် ဥပဒေစနစ်နှင့် ဥပဒေစိုးမိုးရေးဆောင်ရွက်မှုယန္တရားများ တည်ဆောက်မှုနှင့် တိုးတက်မှုဆိုင်ရာ NPC ၏ ဆုံးဖြတ်ချက်မူကြမ်းတို့ကို မေ ၂၅ ရက်က တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ မူကြမ်းနှစ်ခုကို ၁၃ ကြိမ်မြောက် NPC တတိယမြောက်အစည်းအဝေးတွင် တင်ပြဆွေးနွေးလျက်ရှိသည်။တင်ပြဆွေးနွေးရာတွင် NPC ကိုယ်စားလှယ်များက တရားမကျင့်ထုံးဥပဒေမူကြမ်းကို စေ့စပ်သေချာစွာ စဉ်းစားခဲ့ကြောင်းနှင့် ၎င်းမူကြမ်းကို အစည်းအဝေးအတွင်း မဲခွဲဆုံးဖြတ်သွားမည်ဟု မေ ၂၅ ရက် ကော်မတီအစည်းအဝေးပြီး ထုတ်ပြန်ချက်အရ သိရသည်။

ကော်မတီအနေဖြင့် တရားမကျင့်ထုံးဥပဒေမူကြမ်းဆိုင်ရာ ဆွေးနွေးမှုရလဒ် အစီရင်ခံစာနှင့် ပြင်ဆင်ထားသည့်မူကြမ်းကို ဆက်လက်ဆေွးနွေးသွားမည်ဖြစ်ပြီး အစည်းအဝေး၏ ဦးဆောင်အဖွဲ့ထံ အစီရင်ခံသွားမည် ဖြစ်သည်။ဆွေးနွေးမှုများအတွင်း NPC ကိုယ်စားလှယ်များက ဟောင်ကောင်ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို တညီတညွတ်တည်း ထောက်ခံခဲ့ကြပြီး ယင်းမှာ အရည်အသွေးမြင့် ဥပဒေမူကြမ်းတစ်ရပ်ဖြစ်သည်ဟု သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကော်မတီအနေဖြင့် ဆွေးနွေးမှုရလဒ်အစီရင်ခံစာနှင့် ပြင်ဆင်ထားသည့်မူကြမ်းကို ဆက်လက်ဆေွးနွေးသွားမည်ဖြစ်ပြီး အစည်းအဝေး၏ ဦးဆောင်အဖွဲ့ထံ အစီရင်ခံသွားမည် ဖြစ်သည်။ဦးဆောင်အဖွဲ့က ၎င်းမူကြမ်းများအား နောက်ထပ် ဆွေးနွေးမှုပြုရန်အတွက် ကိုယ်စားလှယ်များထံ တင်သွင်းရေး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.