Connect with us

NPC

တရုတ်နိုင်ငံ ဝန်ကြီးချုပ်  စာနယ်ဇင်းများနှင့် မေ ၂၈ ရက်တွင်  တွေ့ဆုံမည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ထျန်းအန်းမင်ရင်ပြင်နှင့် ပြည်သူ့ခန်းမကြီးထိပ်ဖျားတွင် နိုင်ငံတော်အလံလွှင့်တင်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယမြောက်အစည်းအဝေးအပြီး မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ခန်းမကြီး၌ စာနယ်ဇင်းသမားများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ 

ဝန်ကြီးချုပ် လီသည် ကပ်ရောဂါ တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများ နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်တွင်း၊ ပြည်ပမှ သတင်းထောက်များ၏ မေးခွန်းများကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဖြေကြားသွားမည် ဖြစ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို China Media Group နှင့် xinhuanet.com တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117