Connect with us

NPC

တရုတ်နိုင်ငံ၏ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက်  အခက်အခဲများ ကျော်လွှားနိုင်ရေး ကူညီရန်  မူဝါဒများ ထုတ်ပြန်

တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီး မြောင်ဝေက ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယမြောက်အစည်းအဝေး၊ ဒုတိယမြောက် မျက်နှာစုံညီအစည်းအဝေးပြီးနောက် ဗီဒီယိုလင့်ခ်မှတစ်ဆင့် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား  ကျော်လွှားနိုင်ရေးအကူအညီပေးရန် ဘဏ္ဍာရေး၊ အခွန်စည်းကြပ်ကောက်ခံရေး၊ လူမှုလုံခြုံရေး နှင့်အခြားသော နယ်ပယ်များတွင် မူဝါဒများစွာ ထုတ်ပြန်ခဲ့ကြောင်း စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီး မြောင်ဝေ က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း SMEs များ အပါအဝင် စီးပွားရေးလုပ်ငန်းများအတွက် အခွန်အခများ၊ အခကြေးငွေများ လျှော့ချသည့် မူဝါဒများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး အမျိုးသားဥပဒေပြု နှစ်ပတ်လည် အစည်းအဝေးနှင့်တွဲလျက်ပြုလုပ်သည့်  ဗီဒီယိုလင့်ခ်မှတစ်ဆင့် သတင်းထောက်များ၏ မေးခွန်းများကို မြောင်က အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

 အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်မှုမြှင့်တင်ပေးရန် နယ်ပယ်များစွာ၌ မူဝါဒ ၉၀ ခန့်ကို ဗဟိုအစိုးရက ထုတ်ပြန်ခဲ့ကြောင်း မြောင်က ဆိုသည်။ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်သောဌာနများအား မူဝါဒများအကောင်အထည်ဖော်ရေးအတွက် အသေးစိတ် စည်းမျဉ်းစည်းကမ်းများကို ဖြစ်နိုင်သမျှမြန်မြန် ထုတ်ပြန်သွားရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ SMEs များကို ၎င်းတို့၏ သီးခြားအခြေအနေများအပေါ် အခြေခံ၍ SMEs မြှင့်တင်ရေးမူဝါဒများကို မိတ်ဆက်ရန် ဒေသတွင်းအစိုးရများအား ပြောကြားသွားမည်ဟု မြောင်ကပြောခဲ့သည်။ဝန်ကြီးဌာနက ယခုနှစ်၏ဒုတိယနှစ်ဝက်တွင် မူဝါဒများအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ချင့်ချိန်ရန်  လွတ်လပ်သည့် တတိယအဖွဲ့၏ အကဲဖြတ်မှုကို စုစည်း သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117