Videos
တရုတ်နိုင်ငံအနေဖြင့်COVID-19 ကြောင့်ဆုံးရှုံးမှုများကိုနည်းနိုင်သမျှနည်းပါးအောင်လုပ်ဆောင်သွားမည်ဖြစ်
ပေကျင်း၊မေ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့်COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့ရသည့် ဆုံးရှုံးမှုများကို နည်းနိုင်သမျှနည်းပါးအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ကပ်ရောဂါ အဆုံးသတ်သွားခြင်း မရှိသေးသော်လည်း ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရာတွင် ရင်ဆိုင်ရသော လုပ်ငန်းတာဝန်များက ကြီးမားကြောင်း ၊ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုများကို လျှော့ချရန် နှင့်ယခုနှစ်တွင် စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးရေး အတွက် လုပ်ငန်းတာဝန်များနှင့် အဓိက ရည်မှန်းချက်များကို ဖြည့်ဆည်းရန် မိမိတို့၏ ကြိုးစားမှုများကိုနှစ်ဆတိုးရမည် ဖြစ်ကြောင်း ယနေ့ပေကျင်းမြို့ပြည်သူ့ခန်းမကြီးတွင် ကျင်းပ သည့် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယမြောက်အစည်းအဝေးသို့ တင်သွင်းသော အစိုးရ၏လုပ်ငန်းအစီရင်ခံစာအရ သိရသည်။ (Xinhua)