Connect with us

Videos

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယမြောက်အစည်းအဝေး ဖွင့်ပွဲ သို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ခဲ့

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ မေ ၂၂ ရက် ယနေ့တွင် ပြုလုပ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယမြောက်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားသော တရုတ်နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

အစည်းအဝေး တက်ရောက်လာသူများသည် COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ဆောင်စဉ် အသက်သေဆုံးသွားခဲ့သည့် အာဇာနည်များနှင့် ကူးစက်ရောဂါကြောင့် သေဆုံးသွားခဲ့သည့် နိုင်ငံသားများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိတ်ဆိတ်ငြိမ်သက်စွာ ဂုဏ်ပြုခဲ့ကြသည်။ 

တိတ်ဆိတ်ငြိမ်သက်စွာ ဂုဏ်ပြုခဲ့ကြပြီးနောက် ဝန်ကြီးချုပ် လီခဲ့ချန်က နိုင်ငံတော်ကောင်စီ၏ ကိုယ်စား အစိုးရ လုပ်ငန်းအစီရင်ခံစာကို ဆွေးနွေးရန် ကွန်ဂရက်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.