Videos
တစ်ကမ္ဘာလုံး၌COVID-19 အားတိုက်ဖျက်ရန်မှာအထူးအရေးကြီးကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ယနေ့ မေ ၂၄ ရက်၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒများကိုရှင်းလင်းပြောကြားသည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က တကမ္ဘာလုံးအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် COVID-19 အား တိုက်ဖျက်ရန် အထူးပင်အရေးကြီးကြောင်းပြောကြားခဲ့သည်။ COVID-19 ဖြစ်ပွားမှုမှ သင်ယူရရှိခဲ့သည်မှာ နိုင်ငံအသီးသီးရှိ ပြည်သူများအားလုံး၏ အသက်အိုးအိမ်နှင့် ကျန်းမာရေးမှာ အလွန်ပင် စပ်ဆက်လျှက်ရှိကြောင်း ဝမ်ရိကပြောကြားခဲ့သည်။ (Xinhua)