Connect with us

Videos

ပြည်သူများ၏ အသက်အိုးအိမ် နှင့်ကျန်းမာရေးအား ကာကွယ်စောင့်ရှောက်ခြင်းသည်သာ ပဓာနအကျဆုံးဖြစ်ကြောင်းသမ္မတရှီဆို

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံတွင် နှစ်စဉ်လွှတ်တော်အစည်းအဝေးနှစ်ရပ်ကျင်းပလေ့ရှိ ရာ တစ်နိုင်ငံလုံးရှိ ဥပဒေပြုရေးနှင့်အကြံပေးအဖွဲ့ ခေါင်းဆောင်များသည် အုပ်စုလိုက်ဆွေးနွေးမှုများ ကျင်းပခဲ့ကြသည်။

သမ္မတရှီကျင့်ဖိန်သည် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ကိုယ်စားလှယ်တစ်ယောက်တစ်ဦးအနေဖြင့်  အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ကိုယ်စားလှယ်များနှင့်အတူ မေ၂၂ ရက်တွင် ကြားနာမှုများဆောင်ရွက်ခဲ့သည်။ 

မေလ ၂၂ ရက်သည်  တရုတ် အမျိုးသားဥပဒေပြုရေးဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးများစတင်ကျင်းပသည့် ပထမနေ့ ဖြစ်သည်။ 

တွေ့ဆုံဆွေးနွေးမှုများအတွင်း သမ္မတရှီက အခြားကိုယ်စားလှယ်များနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ မြက်ခင်းဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တိုင်းရင်းသားလူမျိုးများစည်းလုံး ညီညွတ်ရေး အပါအဝင် အကြောင်းအရာများကို ကျယ်ပြန့်စွာဆွေးနွေးပြီးနောက် အပြန်အလှန်အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ 

သမ္မတရှီကျင့်ဖိန်က ပြည်သူ့ဗဟိုပြု အတွေးအခေါ် (people center philosophy) အကြောင်းအရာတစ်ခုကို အရေးအကြီးဆုံးအဖြစ်ဆွေးနွေးခဲ့သည်။

သမ္မတရှီက အဘယ့်ကြောင့် ထို အကြောင်းအရာကို ဦးစားပေးဆွေးနွေးခဲ့သနည်း။ 

ထို့အပြင် ပြည်သူ့ဗဟိုပြု အရေးဆွေးနွေးမှုကိစ္စ အတွေးအခေါ်အယူအဆအား ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံအနေဖြင့် မည်သို့ ထူးခြားသည့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည်နည်း။

ယခုအစီအစဉ်သည် သမ္မတရှီကျင့်ဖိန်နှင့် နှစ်ပတ်လည်အစည်းအဝေး နှစ်ရပ် ဆိုင်ရာ အစီအစဉ်ဖြစ်သည်။ 

ဂန္တဝင်မြောက်သည့် ကြိုးပမ်းအားထုတ်မှုများနှင့် ကြီးမားသော စွန့်လွှတ်ပေးဆပ်မှုများ အကြား တရုတ်နိုင်ငံက COVID-19 အား ကြံ့ကြံ့ခံ ရင်ဆိုင်ပြီးနောက် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သည့် ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်ခဲ့သည်။ 

ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် သမ္မတရှီက ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်နိုင်စေရန် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပါတီအနေဖြင့် ခေါင်းဆောင်ရန် စည်းမျဉ်းများရေးဆွဲရမည့်  အခြေခံပန်းတိုင် ကို အလေးအနက် ထား ဆွေးနွေးခဲ့သည်။

အဆိုပါ အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန်အတွက် ပါတီအနေဖြင့် မည်သည့်အခါမျှ တွန့်ဆုတ်သွားမည်မဟုတ်ကြောင်းလည်း ရှီက အလေးအနက်ပြုပြောကြားခဲ့သည်။

သမ္မတရှီက ကပ်ရောဂါ ထိန်းချုပ်ရေး၊ စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာ၌  ပြည်သူသည်သာ ပထမ ဟူသည့်  မူဝါဒအား ကျင့်သုံးသွားရန် အထူးအရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

COVID-19 ကူးစက်ပျံ့ပွားမှုနှင့်ကြုံတွေ့စဉ် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအနေဖြင့်အစ မူလကတည်းက  ရှင်းလင်းစွာ ကြေညာခဲ့သည်မှာ ပြည်သူများ၏ အသက်အိုးအိမ်နှင့်ကျန်းမာရေးသည်သာ ထိပ်တန်းဦးစားပေးသင့်သည့်အရာဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်  ပြည်သူများ၏ အသက်အိုးအိမ် နှင့် ကျန်းမာရေးအား အစွမ်းကုန်ကာကွယ် သွားမည်ဖြစ်ကြောင်း  ကြေညာခဲ့သည်။

သမ္မတရှီကျင့်ဖိန်က ကပ်ရောဂါ ဖြစ်ပွားမှု တစ်ကျော့ပြန်လည်လာခြင်းကို ကာကွယ်ရန် ပုံမှန်ကပ်ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်သွားရန် အလေးအနက်ထား တိုက်တွန်းပြောကြားခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.