ပေကျင်း ၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် မိမိတို့...
ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ သံတမန်ကဏ္ဍကို အကောင်းမွန်ဆုံးပုံဖော်ပေးသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဝန်ကြီးဝမ်ရိက ယနေ့မတ်လ ၈ ရက်တွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် (NPC) အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက တရုတ်နိုင်ငံ၏ ဥပဒေပြုရေးနှင့် နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့များ၏ နှစ်စဉ်ကျင်းပသောအစည်းအဝေးတွင် နိုင်ငံခြားရေးမူဝါဒ၊ ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းကာ သတင်းမီဒီယာများ၏ မေးခွန်းများကိုဖြေကြားဆွေးနွေးသော သတင်းစာရှင်းလင်းပွဲ မြင်ကွင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှုနိုင်ကြပါသည်။(Xinhua)
ပေကျင်း၊ မတ် ၅ရက် (ဆင်ဟွာ) ယနေ့ကျင်းပသည့် တရုတ်အမျိုးသားကွန်ဂရက်တွင် ဝန်ကြီးချုပ်လီခဲ့ချန်က အစိုးရ၏ လုပ်ငန်းဆောင်ရွက်အစီရင်ခံစားများကိုဖတ်ကြားရာတွင် စီးပွားရေးကဏ္ဍ နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံကပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးကို ၂ဝ၁၈ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် လျာထားကြောင်းသိရသည်။
ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျတ်လိုငွေနှင့် GDP အချိုးကို လျှော့ချသွားမည့်အစား ဘဏ္ဍာရေးပေါ်လစီကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)
ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝန်းရှိ သတင်းထောက်ပေါင်း ၁ဝဝဝ ကျော်က တရုတ်နိုင်ငံပေကျင်းတွင် ကျင်းပလျက်ရှိသည့် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ အရေးပါသည့်အစည်းအဝေး နှစ်ရပ်တွင် သတင်းရယူရန် တက်ရောက်လာခဲ့ကြသည်။ ထိုအစည်းအဝေးမှာ တရုတ်နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်စေမည့် အထူးအခွင့်အရေးတစ်ရပ်လည်းဖြစ်ပြီး တစ်ကမ္ဘာလုံးက အထူး စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိသည်။ (Xinhua)
ပေကျင်း၊ မတ် ၅ရက် (ဆင်ဟွာ) ယနေ့ကျင်းပသည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးတွင် ဝန်ကြီးချုပ်လီခဲ့ချန် ကအစိုးရ အစီရင်ခံစာဖတ်ကြားရာ တရုတ်နိုင်ငံက ၂ဝ၁၈ ခုနှစ်တွင် အကျိုးသက်ရောက်မှုမရှိသည့် စတီးထုတ်လုပ်မှု မက်ထရစ်တန်ချိန်ပေါင်းသန်း၃ဝ နှင့် ကျောက်မီးသွေးထုတ်လုပ်မှုမက်ထရစ်တန်ချိန်သန်းပေါင်း ၁၅ဝကိုလျှော့ချသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တည်ဆောက်ရေးက ပွင့်လင်းသောစီးပွားရေးမူဝါဒ ကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မိမိတို့ အမျိုးသားပြည်သူ့ကွန်ဂရက် အနေဖြင့် ကျင့်သုံးခဲ့ပြီးဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ၃ ခု နှင့် ပေါင်းစပ်ဖြည့်ဆည်းသွားမှာဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကာကွယ်ရန်နှင့် ပိုမို ကောင်းမွန်တိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ် Zhang...
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့အတွက် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းကသာမှန်ကန်သင့်လျော်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် ပြောခွင့်ရပုဂ္ဂိုလ် Zhang Yesui ကဆိုသည်။ တရုတ် အမေရိကန် နှစ်နိုင်ငံတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရန် ကိစ္စမှာ နှစ်နိုင်ငံ ပြည်သူများအားလုံး၏အဓိက အကျိုးစီးပွားနှင့် ကမ္ဘာ့အသိုက်အဝန်း၏ လိုလားမှုပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်သီးဥပဒေပြုအမတ်များ က နှစ်စဉ်ကျင်းပသည့်အစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မတ်လ ၄ ရက်နေ့က ပေကျင်းရှိ Great Hall တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနား၌ တရုတ်နိုင်ငံက မည်သည့်အခါတွင်မှ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံအတိုင်းကျင့်သုံးရန် အခြားနိုင်ငံများကို မိတ်ဆက်ခြင်းမျိုးမရှိခဲ့ကြောင်း၊