Connect with us

Videos

တရုတ်နိုင်ငံ ကပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုးကို ၂ဝ၁၈ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်

ပေကျင်း၊ မတ် ၅ရက် (ဆင်ဟွာ)

ယနေ့ကျင်းပသည့် တရုတ်အမျိုးသားကွန်ဂရက်တွင် ဝန်ကြီးချုပ်လီခဲ့ချန်က အစိုးရ၏ လုပ်ငန်းဆောင်ရွက်အစီရင်ခံစားများကိုဖတ်ကြားရာတွင် စီးပွားရေးကဏ္ဍ နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံကပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးကို ၂ဝ၁၈ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် လျာထားကြောင်းသိရသည်။

တရုတ်နိုင်ငံက ငွေကြေးဖောင်းပွမှုအဆင့် ၃ နေရာတွင် ဆက်လက်ထိန်းထားရန်ရည်ရွယ်ပြီး ကျေးလက်ဒေသနေပြည်သူများအတွက် အလုပ်အကိုင်သန်းပေါင်း ၁၁ သန်းကို ဖန်တီးသွားမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ နှစ်စဉ် စီးပွားရေးတိုးတက်မှုမှာသာလွန်ကောင်းမွန်သောအဆင့်ကိုရောက်ရှိနေပြီး ပြီးခဲ့သည့်နှစ်က ၆.၉ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ရာ ခုနှစ်နှစ်တာကာလအတွင်းအများဆုံးစံချိန်တင်လာခဲ့သည်။ ယနေ့ခေတ်တွင် တရုတ်နိုင်ငံ၏ စက်ပစ္စည်းယန္တရားများနှင့် နည်းပညာဆိုင်ရာအခြေခံများသည် ပိုမိုခိုင်မာလာသည့်နည်းတူ စက်မှုကဏ္ဍသည်လည်း ပြီးပြည့်စုံကာ ဈေးကွက်လည်းကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။ ထို့အတူလူ့စွမ်းအားအရင်းအမြစ်လည်း ကြွယ်ဝလာပြီး ရင်းနှီးမြှုပ်နှံသူများစီးပွားရေးလုပ်ငန်းရှင်များလည်းများပြားလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ မိမိတို့အစိုးရအနေဖြင့် ထိုကောင်းမွန်မှုများကိုပေါင်းစပ်ခြင်းဖြင့် စီးပွားရေးကဏ္ဍတွင် ပိုမိုအရည်အသွေးပြည့်ဝ အကျိုးရှိ ကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.