ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးပွဲ ၌ မတ် ၁၇ရက် နံနက်ပိုင်းတွင် ရှီကျင့်ဖိန်အား တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ရွေးကောက်တင်မြောက်လိုက်ကြောင်း သိရသည်။ (Xinhua)
ပေကျင်း ၊ မတ် ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေး အတိုင်ပင်ခံ ကိုယ်စားလှယ်များတက်ရောက်ခဲ့သော တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ပထမ အကြိမ်အစည်းအဝေး ပိတ်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၅ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန် က တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသားပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များ၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးကာ တိုင်းပြည်တိုးတက်ရေးနှင့် သက်ဆိုင်သည့် အဓိကကျသော အခန်းကဏ္ဍများကိုဆွေးနွေးခဲ့သည်။ ယခု video ထဲတွင် သမ္မတရှီကျင့်ဖိန် ၏...
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ၏ ဦးဆောင်မှုအခန်းကဏ္ဍသည် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒ၏ ပုံရိပ်ကို အဓိပ္ပာယ်သတ်မှတ်ခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက်အား မတ် ၁၁ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ ခေတ်သစ်တွင် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒအပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အတွေးအမြင်အား ထည့်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို မတ် ၁၁ရက် နေ့လည်ပိုင်းတွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လာမည့် ၅ နှစ်တာကာလအတွင်း ကုန်သွယ်ရေးနှင့်စီးပွားရေးအဆင့်မြင့်စွာ ဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းအစီအစဉ် ၈ ခုနှင့် လုပ်ငန်းစဉ်ပေါင်း ၆ ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကျုံးစန်းက မတ်လ ၁၁ ရက်တွင် ကျင်းပသော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်ဆွေးနွေးပွဲ၏...
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံမှ ဦးဆောင်ကျင်းပပြီး အခြားနိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများအတူပါဝင်ကြသည့်ပွဲဖြစ်သောကြောင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်း၏ကုန်စည်ပြပွဲ မဟုတ်ဘဲ နိုင်ငံအသီးသီးပါဝင်ကြသည့် ကုန်စည်ပြပွဲကြီးဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကျုံးစန်းက မတ်လ ၁၁ ရက်တွင် ကျင်းပသော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်ဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းကုန်စည်ပြပွဲကို...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားရန် မလိုလားသလို စစ်ပွဲအသစ်လည်း စတင်စေမည် မဟုတ်ကြောင်း၊ သို့သော် နိုင်ငံ၏ အမျိုးသားရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် စိန်ခေါ်မှုမျိုးကိုမူ ကာကွယ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး က မတ်လ ၁၁...
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက် ၏ တရုတ်နိုင်ငံဆိုင်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မတ်လ ၁၁ရက်နေ့က ပေကျင်းရှိ ပြည်သူ့ခန်းမ၌ကျင်းပရာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Zhong Shan ကသတင်းမီဒီယာများ၏မေးမြန်းမှုများကိုပြန်လည်ရှင်းလင်းဖြေကြားသည့်မြင်ကွင်းအပြည့်အစုံကိုအောက်ပါလင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Zhou Xiaochuan က မတ်လ ၉ ရက်ကကျင်းပသည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ပိုမိုကောင်းမွန်စွာတိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။