Connect with us

Africa & Middle East

ကာလဝမ်းရောဂါ ကာကွယ်ဆေး တစ်သန်း ဟေတီရောက်ရှိကြောင်း ကုလ ပြောကြား

ဟေတီတွင် ကုလသမဂ္ဂ ကျန်းမာရေး ဝန်ထမ်းများက ကာလဝမ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ကာလဝမ်းရောဂါ ထိန်းချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁၀ ရက်က ဆုံးဖြတ်ခဲ့သည့် ကာလဝမ်း ရောဂါ ကာကွယ်ဆေး တစ်သန်း ဟေတီနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က အောက်တိုဘာလ ၂၅ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

“ရောဂါဖြစ်ပွားတဲ့ဒေသတွေဖြစ်တဲ့ ဟေတီ၊ Sud နဲ့ Grand Anse ဒေသတွေမှာ အောက်တိုဘာလ ၃၁ ရက် အစောပိုင်း ရက်သတ္တပတ်အတွင်း ဒါမှမဟုတ် စောပြီး ကာကွယ်ဆေး တိုက်ကျွေးနိုင်မယ်လို့ မျှော်လင့်ထားတယ်” ဟု နေ့စဉ် သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ဒူဂျာရစ်က ပြောသည်။

ဟာရီဟိန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် ဒေသများ၌ ကာလဝမ်းရောဂါ ဖြစ်ပွားမှု လျှော့ချရန်နှင့် ကာလဝမ်းရောဂါ ပျံ့နှံ့မှု မဖြစ်ပွားစေရန်အတွက် ယခုလို ကာကွယ်ဆေး တိုက်ကျွေးခြင်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဟေတီနိုင်ငံတွင် ဟာရီကိန်း မုန်တိုင်း မက်သရူး တိုက်ခတ်ပြီးနောက် ဒေသအချို့၌ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ ရရှိခဲ့သော်လည်း ရေတွင်းများ သန့်ရှင်းမှု မရှိခြင်း၊ မြစ်ရေ နှင့် အိမ်သာများ လျှံခြင်း စသည်များကြောင့် မသန့်ရှင်းသောရေများ သောက်သုံးနေခဲ့ရသည်။

ဟေတီနိုင်ငံသို့ အောက်တိုဘာလ ၄ က ဟာရီကိန်းမုန်တိုင်း မက်သရူး ဝင်ရောက်တိုက်ခတ်ပြီးနောက် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေ ၁၇၅,၀၀၀ ကျော် ဆုံးရှုံးကာ လူဦးရေ တစ်သန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့ရသည်။

မုန်တိုင်း တိုက်ခတ်ပြီးနောက် နှစ်ပတ်အကြာတွင် ဟေတီနိုင်ငံ၌ အနည်းဆုံး လူ ၂၀၀ ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.