Connect with us

Africa & Middle East

အာဖဂန်နစ္စတန် အနောက်ပိုင်းတွင် စစ်သွေးကြွများ ပစ်ခတ်မှုကြောင့် အရပ်သား ၃၆ ဦး သေဆုံး

အာဖဂန်တွင် တွေ့ရသည့် လုံခြုံရေး စစ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဖီရို့ဇ်ကိုရှ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Ghor ပြည်နယ်တွင် အောက်တိုဘာလ ၂၅ ရက် ညပိုင်းက စစ်သွေးကြွများ ပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၃၆ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ် အစိုးရက အောက်တိုဘာလ ၂၆ ရက်က အတည်ပြု ပြောကြားလိုက်သည်။

“အောက်တိုဘာလ ၂၅ ရက်ညပိုင်းက ပြည်နယ်မြို့တော် ဖီရို့ဇ်ကိုရှ်ရဲ့ အစွန်အဖျားဒေသတွေမှာ စစ်သွေးကြွတွေကို လုံခြုံရေးတပ်နဲ့အတူ ဒေသခံ တိုက်ခိုက်ရေးသမားတွေ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်သွေးကြွတွေက ဓားစာခံတွေကို ဖမ်းဆီးခဲ့ကြတယ်၊ အဲဒီ တိုက်ခိုက်မှုမှာ စစ်သွေးကြွတွေထဲက အများအပြား သေဆုံး၊ ဒဏ်ရာတွေ ရခဲ့ကြတယ်၊ ဒါကို လက်စားချေတဲ့အနေနဲ့ ဓားစာခံတွေကို ညတွင်းချင်း သတ်ပစ်လိုက်တာပဲ” လို့ အုပ်ချုပ်ရေးမှူး နာရှာခါဇာက ဆင်ဟွာသို့ ပြောသည်။

စုံစမ်းစစ်ဆေးမှုတွေကို ဒေသခံ အာဏာပိုင်တွေက လုပ်ကိုင်နေပြီး အသေးစိတ် အချက်အလက်များအား အောက်တိုဘာလ ၂၆ ရက် နှောင်းပိုင်း၌ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။

သို့သော်လည်း အရပ်သားများ သေဆုံးခြင်းသည် အိုင်အက်စ် အဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း ဒေသခံ တာဝန်ရှိသူများက စွပ်စွဲထားသည်။

ယခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများ၌ အရပ်သား သေဆုံးသူ ၂,၅၆၀ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၅,၈၃၀ ဦးရှိကြောင်း အာဖဂန်နိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်သည့် နောက်ဆုံး စာရင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.