Connect with us

Africa & Middle East

လစ်ဗျား နိုင်ငံ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်း နိုင်ငံတောင်ပိုင်း တွင် ပျက်က ခဲ့ရာ လူ ၃ ဦး သေဆုံး

လစ်ဗျား နိုင်ငံ တွင် ဧပြီလ ၂၉ ရက်နေ့ ၌ စစ်ဘက်ဆိုင်ရာ C-130 ပျက်ကျ ခဲ့သည် ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တူနီးရှား ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

လစ်ဗျား နိုင်ငံ ၌ ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်း အချိန် က စစ်ဘက်ဆိုင်ရာ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်း သည် နိုင်ငံတောင်ပိုင်း ရေနံမြေ တစ်ခု အနီးတွင် ပျက်ကျ ခဲ့ရာ လေယာဉ်ပေါ် လိုက်ပါခဲ့သည့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

လစ်ဗျား နိုင်ငံ အမျိုးသား ရေနံ ကုမ္ပဏီ ၏ ထုတ်ပြန်ချက်အရ ပျက်ကျခဲ့သည့် လေယာဉ်သည် Sharara ရေနံမြေ အတွက် လိုအပ်သည့် ပစ္စည်း များ ပို့ဆောင်ပြီးနောက် ပြန်လည်ထွက်ခွာ စဉ် တွင် ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Sharara ရေနံမြေ ရှိ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားရာတွင် လေယာဉ် သည် စတင်ပျံသန်း ပြီးနောက် အောက်သို့ ထိုးကျ လာခဲ့ပြီး ရေနံမြေ နှင့် ၂ ကီလိုမီတာ ကွာဝေးသော သဲကန္တာရ ၌ တွင် ပျက်ကျ ခဲ့ကြောင်း ၊ လေယာဉ်ပေါ်တွင် ဝန်ထမ်း ၄ ဦး လိုက်ပါသွား ခဲ့ပြီး ၃ ဦး သေဆုံး ခဲ့ကာ ၁ ဦး မှာ ပျောက်ဆုံးနေကြောင်း ပြောကြား ခဲ့သည်။Sharara ရေနံမြေ ကို လစ်ဗျား နိုင်ငံ အမျိုးသာ ရေနံ ကုမ္ပဏီ နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၃ ခု တို့မှ ပူးပေါင်း တူးဖော်နေသည့် လစ်ဗျား နိုင်ငံ ၏ အကြီးဆုံးသော ရေနံမြေ တစ်ခုဖြစ်ပြီး တစ်ရက်လျင် ပျှမ်းမျှ ရေနံစည်ပေါင်း ၂၇၀,၀၀၀ ထွက်ရှိကြောင်း သိရှိရသည်။(Xinhua)