Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယား ပင်လယ်တွင် တရားမဝင်ခိုးဝင်လာသူ ၁၅ ဦး ရေနစ်သေဆုံး

သင်္ဘောဖြင့် တရားမ၀င်ဝင်ရောက်လာသူများအား တွေ့ရှိရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

အယ်လ်ဂျီးယား၊ ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

တရားမဝင်ခိုးဝင်လာသူ အပြည့်တင်ဆောင်လာသောရေယာဉ်တစ်စီးသည် ဧပြီလ ၂၉ ရက်က အယ်လ်ဂျီးရီးယား နိုင်ငံ အနောက်ဘက် ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ရာ လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထိုရေယာဉ်မှာ အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော် အယ်လ်ဂျီးယား အနောက်ဘက် ၄၀၀ ကီလိုမီတာ အကွာ အဝေးရှိ အိုရန် ပြည်နယ်(Oran Province)အနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ကာ လူ ၁၅ ဦး ရေနစ်သေဆုံး ခဲ့ကြောင်း၊ ကျန် ၁၉ ဦးအား ၎င်းဒေသရှိ နီးစပ်ရာဆေးရုံသို့ ပို့ဆောင် ကုသနေပြီဖြစ်ကြောင်း အယ်လ်ဂျီးရီးယား ပင်လယ်ကမ်းခြေကင်းလှည့်အဖွဲ့၏သတင်းများကို ကိုးကား၍ အယ်လ်ဂျီးရီးယား သတင်းစာ က ရေးသားဖော်ပြ ထားသည်။

အယ်လ်ဂျီးရီးယားရုပ်မြင်သံကြားဌာနတစ်ခုက အဆိုပါရေယာဉ်မှာ အာဖရိကနိုင်ငံများမှ တရားမဝင်ခိုးဝင် လာသူများကို တင်ဆောင်လာပြီး မော်ရိုကိုမှ စပိန်သို့ မောင်းနှင်ရာတွင် လေပြင်းမုန်တိုင်းမိပြီး ယခုကဲ့သို့ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။အယ်လ်ဂျီးရီးယားနိုင်ငံသည် အီတလီ၊စပိန် စသည့်နိုင်ငံများနှင့် နီးသောကြောင့် အာဖရိက၏တရားမဝင်ခိုးဝင် လာသူများ ဥရောပသို့သွားရာတွင် ခရီးတစ်ထောက်နားရာ နေရာတစ်ခုဖြစ်နေသည်။ အယ်လ်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့စဉ် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့်အမှုပေါင်း ၅၀ ကျော်ကို တားဆီးဖြေရှင်းနေရသည်ဟု ပြည်ထဲရေးဝန်ကြီး က ဧပြီလ လဆန်းပိုင်းက ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်ကစပြီး အယ်လ်ဂျီးရီးယားနိုင်ငံသည် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ နှစ်သောင်းကျော် ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.