Connect with us

Africa & Middle East

အာဖဂန်စစ်တပ် အရှေ့ပိုင်းပြည်နယ် စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၂၄ ယောက် သေဆုံး

ဂါ့ဇ်နီ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အာဖဂန် အစိုးရတပ်ဖွဲ့များက ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းရှိ တာလီဘန်များအား စစ်ရေးအရ ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့ရာ စစ်သွေးကြွ ၂၄ ဦးကျော် သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Aref Nuri က ဇူလိုင်လ ၄ ရက်တွင် ပြောကြားလိုက်သည်။

လွန်ခဲ့သည့်နှစ်ရက်အတွင်း Muqar, Agrestan, Qarabagh ခရိုင်များ၊ ပြည်နယ်မြို့တော်ဖြစ်သည့် ဂါ့ဇ်နီမြို့ ပြင်ပရှိ တာလီဘန်များရှိရာနေရာများသို့ အစိုးရတပ်ဖွဲ့များက မြေပြင်နှင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်သွေးကြွ ၂၄ ဦးသေဆုံးပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

တာဝန်ရှိသူများ၏ အဆိုအရ စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ ဒဏ်ရာရှိမှုများလည်း ရှိကြောင်း သိရသည်။

ဂါ့ဇ်နီပြည်နယ်အား ထိန်းချုပ်ထားသည့် တာလီဘန် စစ်သွေးကြွများဘက်ကမူ မှတ်ချက်ပြုထားခြင်း မရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.