Connect with us

Africa & Middle East

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် ဆန္ဒပြမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၅ ဦး သေဆုံး

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် ဖြစ်ပွား နေသည့် ဆန္ဒပြမှု ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကင်ရှာဆာ ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ မြို့တော် ကင်ရှာဆာ တွင် ဇန်နဝါရီ ၂၁ ရက်နေ့ ၌ ဆန္ဒပြမှု ဖြစ်ပွား ခဲ့ရာ နောက်ပိုင်းအချိန်တွင် အစိုးရ လုံခြုံရေး တပ်ဖွဲ့ နှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်ထိ သေဆုံးသူ ၅ ဦး ရှိကြောင်း နှင့် ဆယ်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ကွန်ဂို နိုင်ငံ လုံခြုံရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိခဲ့ရသည်။

လတ်တလော ရက်ပိုင်း တွင် ကွန်ဂို နိုင်ငံ တွင် ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွား နေပြီး ဆန္ဒပြသူများ အနေဖြင့် အစိုးရ အဖွဲ့အား ပါတီ ပေါင်းစုံမှ သမ္မတ ရွေးကောက်ပွဲ အတွက် ရရှိထားသည့် သဘောတူညီချက် ကို လက်တွေ့ အကောင်အထည်ဖော် ရန် တောင်းဆိုခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် လူပေါင်း အနည်းဆုံး ၆၀ ကျော် ဖမ်းဆီး ခံခဲ့ရကြောင်း အထူးကိုယ်စားလှယ် အဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိ ကွန်ဂို နိုင်ငံ သမ္မတ ၏ သက်တမ်း မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တွင် ကုန်ဆုံးခဲ့ပြီး ဖြစ်သော်လည်း သမ္မတ ရွေးကောက်ပွဲ ကို ၂၀၁၈ ခုနှစ် ဧပြီလ သို့ ရွှေ့ဆိုင်းခဲ့သည်။ ကွန်ဂို နိုင်ငံ ပါတီ ပေါင်းစုံ က ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ ၌ သမ္မတ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ပြီး ရွေးကောက်ပွဲ အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တွင် ကျင်းပရန် သဘောတူညီခဲ့ကြသည်။ သို့သော် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ တွင် ကွန်ဂို နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် က သမ္မတ ရွေးကောက်ပွဲ အား ၂၀၁၈ ခုနှစ် နှစ်ကုန် သို့ ထပ်မံ ပြောင်းရွှေ့ ခဲ့ပြီး လက်ရှိသမ္မတ အား သမ္မတ ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာချိန်ထိ ဆက်လက် တာဝန် ထမ်းဆောင်ရန် ကြေညာ လိုက်သောကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားလာရခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ကွန်ဂို နိုင်ငံ သမ္မတ Joseph Kabila အား သဘောတူညီချက် ကို လိုက်နာရန် နှင့် သမ္မတ ရာထူး မှ နုတ်ထွက်ရန် တိုက်တွန်း ခဲ့သည်။(Xinhua)