Connect with us

Africa & Middle East

လစ်ဗျား လေဆိပ်တိုက်ခိုက်မှု တွင် ပါဝင်သည့် စစ်သွေးကြွ ၆၁ဦးကို ဖမ်းဆီး

တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ထရီပိုလီမြို့ ရှိ M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ် အားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အထူးထောက်လှမ်းရေးတပ်ဖွဲ့ သည် မကြာသေးမီကဖြစ်ပွားခဲ့သော ထရီပိုလီမြို့ ရှိ M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ် တိုက်ခိုက်ခံရမှုတွင် ပါဝင်သည့် စစ်သွေးကြွ ၆၁ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဇန်နဝါရီ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ စစ်သွေးကြွများ သည် M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ် အား တိုက်ခိုက်နေစဉ်အတွင်း အကျဉ်းထောင်အား တိုက်ခိုက်ရန် ပစ်မှတ်ထားခဲ့ကြကြောင်း၊ စစ်သွေးကြွ ၆၁ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ၎င်းတို့အနက် အများစုမှာ လက်နက်ကိုင်ဆောင်ထားသူများ နှင့် လေဆိပ်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း ပါရှိသည်။

ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိထားသည့် လက်နက်ကိုင်စစ်သွေးကြွများအား စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အနက် ၆ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ် ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အုပ်စု တစ်ခု က ဇန်နဝါရီ 15ရက်တွင် တိုက်ခိုက်ခဲ့ရာ အရပ်သားများအပါအဝင် လူ ၂၁ဦးသေဆုံးပြီး အခြားလူ ၆၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂကကျောထောက်နောက်ခံပေးထားသည့် အစိုးရအဖွဲ့က ယင်းတိုက်ခိုက်မှုအား ပြစ်တင်ရှုတ်ချခဲ့ပြီး လေဆိပ်အတွင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ အထူးထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ က ကြီးကြပ်စောင့်ကြည့်နေသည့် ထိန်းသိမ်းရေးစင်တာ မှ IS၊ အယ်ကိုင်ဒါ နှင့် အခြား စစ်သွေးကြွအဖွဲ့ဝင်များကို ကယ်ထုတ်ရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေဆိပ်အား ငါးရက်တာ ပိတ်ထားခဲ့ပြီးနောက် ဇန်နဝါရီ ၂၀ရက်တွင် ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။ (Xinhua)