Connect with us

Africa & Middle East

ကဘူးလ်မြို့ ဟိုတယ်တိုက်ခိုက်ခံရမှုတွင် ၇ ဦးသေဆုံး ၊ တန်ပြန်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေ


ကဘူးလ် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ Intercontinental ဟိုတယ်တွင် ဇန်နဝါရီလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံး တိုက်ခိုက်ရေးသမားတစ်ဦး နှင့် အရပ်သားများစွာ သေဆုံးခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ကနဦးသတင်းအချက်အလက်များအရ တိုက်ခိုက်မှုတွင် အကြမ်းဖက်သမား ၄ ဦးပါဝင်ကြောင်း ၊ ဟိုတယ်အဆောက်အအုံအား ရှင်းလင်းမှု အထူးစစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားတစ်ဦး သေဆုံးကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Najib Danish က သတင်းသမားများအားပြောကြားခဲ့သည်။

ကဘူးလ်ဟိုတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်ဟိုတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်ဟိုတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ယနေ့နံနက်တွင် အခင်းဖြစ်ဟိုတယ် ကောင်းကင်ထက်၌ ရဟတ်ယာဉ်များစွာ ပျံဝဲ၍ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ အမည်မဖော်လိုသူ သတင်းအရင်းမြစ်တစ်ဦးက အခင်းဖြစ်ဟိုတယ်၌ ဇန်နဝါရီ ၂ဝ ရက် အစောပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီးသည် အစည်းအဝေးတစ်ခုတက်ရောက်ခဲ့ရှိကြောင်း ၊ ယင်းအစည်းအဝေးသို့အခြားပြည်နယ်အစိုးရအရာရှိများစွာလည်းတက်ရောက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုမှာ ဒေသစံတော်ချိန် ည ၉ နာရီတွင်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။အခင်းဖြစ်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ပင်ထားပြီး သတင်းသမားများ နှင့် ပြည်သူများကို ဝင်ရောက်ခွင့် မပြုကြောင်း နှင့် အခြေအနေအသေးအစိတ်ကို မည်သူမျှ မသိနိုင်ကြောင်း သိရသည်။

အမည်မဖော်လိုသူ သတင်းအရင်းမြစ်တစ်ဦးက သေဆုံးသူ ၁၅ ဦးကျော် ရှိကြောင်း နှင့် တိုက်ခိုက်ရေးသမားများက အရပ်သားများစွာကို ဓားစားခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြောကြားခဲ့သည်။တိုက်ခိုက်ရေးသမားများသည် လက်နက်ကြီးများကိုင်ဆောင်ထားပြီး အသေခံဗုံးခွဲဝတ်စုံများကို ဝတ်ဆင်ထားကြောင်း နှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ကြီးမားသော ပေါက်ကွဲမှု အနည်းဆုံး နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အမည်မဖော်လိုသူ သတင်းအရင်းမြစ်က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)