Africa & Middle East
ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်တို့ တပ်စွဲထားရာ အရေးပါသောမြို့တွင်းသို့ ဆီးရီးယားစစ်တပ် ဝင်ရောက်လာ

ဒမက်စကပ်စ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း တူရကီနိုင်ငံနယ်စပ်အနီး ကာ့ဒ်များ တပ်စွဲထားရာ အထင်ကရ အရေးပါသောမြို့တစ်ခုဖြစ်သော Ayn al-Arab မြို့အတွင်းသို့ အောက်တိုဘာ ၁၆ ရက်က ဆီးရီးယားစစ်တပ် ဝင်ရောက်လာခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အလက်ပိုပြည်နယ်၏ ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသရှိ Kobane မြို့ဟုလည်း သိကြသည့် Ayn al-Arab မြို့တွင် “ဒေသခံများအား ကြိုဆိုနေသည့်ကြားမှ” စစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာခြင်းဖြစ်ကြောင်း SANA သတင်းအေဂျင်စီက ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် လန်ဒန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ စစ်ရေးစောင့်ကြည့်သူ ဆီးရီးယား လေ့လာရေးအဖွဲ့ကလည်း ဆီးရီးယားစစ်တပ်က ရုရှား စစ်တပ် တပ်ဖွဲ့ဝင်များနှင့်အတူ Ayn al-Arab မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)