Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်တို့ တပ်စွဲထားရာ အရေးပါသောမြို့တွင်းသို့ ဆီးရီးယားစစ်တပ် ဝင်ရောက်လာ

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း Raqqa ပြည်နယ် Tabqa မြို့ရှိ Tabqa လေတပ်အခြေစိုက်စခန်းအတွင်း ဆီးရီးယားစစ်သားများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမက်စကပ်စ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း တူရကီနိုင်ငံနယ်စပ်အနီး ကာ့ဒ်များ တပ်စွဲထားရာ အထင်ကရ အရေးပါသောမြို့တစ်ခုဖြစ်သော Ayn al-Arab မြို့အတွင်းသို့ အောက်တိုဘာ ၁၆ ရက်က ဆီးရီးယားစစ်တပ် ဝင်ရောက်လာခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အလက်ပိုပြည်နယ်၏ ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသရှိ Kobane မြို့ဟုလည်း သိကြသည့် Ayn al-Arab မြို့တွင် “ဒေသခံများအား ကြိုဆိုနေသည့်ကြားမှ” စစ်တပ် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာခြင်းဖြစ်ကြောင်း SANA သတင်းအေဂျင်စီက ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် လန်ဒန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ စစ်ရေးစောင့်ကြည့်သူ ဆီးရီးယား လေ့လာရေးအဖွဲ့ကလည်း ဆီးရီးယားစစ်တပ်က ရုရှား စစ်တပ် တပ်ဖွဲ့ဝင်များနှင့်အတူ Ayn al-Arab မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)