Connect with us

Africa & Middle East

တရုတ်နိုင်ငံမှ တာဝန်ယူတည်ဆောက်ပေးသော ကင်ညာနိုင်ငံ နိုင်ရိုဘီ-မာလားဘာ ရထားလမ်းပထမအပိုင်း စတင်ဖွင့်လှစ်ပြေးဆွဲ

ကင်ညာနိုင်ငံ နိုင်ရိုဘီ- မာလားဘာ SGR ရထားလမ်း ပထမအပိုင်း ဖွင့်အခမ်းအနားတွင် ကင်ညာနိုင်ငံ သမ္မတ Uhuru Kenyatta က ဖွင့်ပွဲအမှာစကားပြောကြားစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ တာဝန်ယူတည်ဆောက်ပေးသော ကင်ညာနိုင်ငံ နိုင်ရိုဘီ-မာလားဘာ SGR ရထားလမ်း (Nairobi- Malaba Standard Gauge Railway) ပထမအပိုင်းကို အောက်တိုဘာ ၁၆ ရက်တွင် တရားဝင် စတင် ဖွင့်လှစ် ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။ ရထားလမ်းဖွင့်ပွဲအခမ်းအနားကို ကင်ညာနိုင်ငံ သမ္မတ  Uhuru Kenyatta နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ ၊သက်ဆိုင်ရာ အရာရှိကြီးများနှင့် ကင်ညာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝူဖုန်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရထားလမ်းဖွင့်ပွဲအခမ်းအနားတွင် ကင်ညာနိုင်ငံသမ္မတ  Uhuru Kenyatta က နိုင်ရိုဘီ-မာလားဘာ SGR ရထားလမ်းပထမအပိုင်း ဖွင့်လှစ်ပြေးဆွဲနိုင်ခြင်းသည် ကင်ညာနိုင်ငံ ပြည်တွင်းဒေသနှင့် အနီးရှိ ယူဂန်ဒါ၊  တောင်ဆူဒန် ၊ ဘူရွန်ဒီ စသည့် ကုန်းတွင်းပိတ်ဒေသနိုင်ငံများအတွက် ပိုမိုများပြား ဖွံ့ဖြိုးရေး အခွင့်အလမ်းများပွင့်လန်းလာသလို ကင်ညာနိုင်ငံသည် ဒေသလမ်းပန်းဆက်သွယ်ရေးနှင့်ကုန်စည်ကူးသန်းမှု၏ အချက်အချာအနေဖြင့် ပိုမို ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝူဖုန်ကလည်း မွမ်ဘာဆာ-နိုရိုဘီ (Mombasa-Nairobi)SGR  ရထားလမ်းနှင့် နိုင်ရိုဘီ-မာလားဘာ(Nairobi – Malaba) SGR  ရထားလမ်း၏ ဆက်စပ်၍ရရှိနိုင်မည့် အကျိုးရလဒ်များက သိသာထင်ရှားရာ  ရထားလမ်းတည်ဆောက်မှုမှ ဆောင်ကြဉ်းပေးသည့် လူမှုစီးပွားအကျိုးရလဒ်များ တစ်ဆင့်တိုးမြင့်လာမည်ဖြစ်သလို  တစ်ချိန်တည်းတွင်ပင် အရှေ့အာဖရိကရထားသံလမ်းကွန်ရက်ကို ထပ်တိုး ပိုမို ပြည့်စုံကောင်းမွန်စေနိုင်မည် ဖြစ်ရာ ဒေသအပြန်အလှန်ဆက်သွယ်မှုနှင့် ဘက်စုံတစ်သာတည်း တည်ဆောက်မှုကို တွန်းအား ဖြစ်စေပြီး  ကင်ညာနှင့် အရှေ့အာဖရိက၏ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အထူးအရေးပါကြောင်း ပြောကြားခဲ့သည် ။ 

ကင်ညာနိုင်ငံ နိုင်ရိုဘီ- မာလားဘာ SGR  ရထားလမ်းအား တွေ့ရစဉ် (ဆင်ဟွာ) 

ယခုဖွင့်လှစ်သည့် နိုင်ရိုဘီ- မာလားဘာ SGR  ရထားလမ်း ပထမအပိုင်းဖြစ်သည့် နိုင်ရိုဘီ-နိုင်ဗားရှား (Nairobi-Naivasha)ရထားလမ်း၏ စုစုပေါင်း အရှည်မှာ ၁၂၀ ကီလိုမီတာခန့်ရှိပြီး   China Communications Construction Company (CCCC) ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲ၊ ဝယ်ယူဆောက်လုပ်၊လည်ပတ်ဆောင်ရွက်နိုင်သည့်အထိ EPC ကန်ထရိုက်ပုံစံ၊ တရုတ်နိုင်ငံ၏ပထမ စံချိန်အရည်အသွေးဖြင့် တာဝန်ယူ ဖောက်လုပ်တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ခရီးသည်တင်ရထားနှင့် ကုန်တင်ရထား အတူသွားလာနိုင်သော ရထားသံလမ်းဖြစ်ရာ ခရီးသည်တင်ရထားသည် တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ နှုန်းဖြင့် လည်းကောင်း ၊ ကုန်တင်ရထားသည် တစ်နာရီလျှင် ကီလိုမီတာ ၈၀ နှုန်းဖြင့်လည်းကောင်း ခုတ်မောင်းသွားလာနိုင်ကြောင်း သိရသည်။ 

နိုင်ရိုဘီ- မာလားဘာ SGR  ရထားလမ်းသည် မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်း၏ ကင်ညာအနောက်မြောက်ပိုင်းသို့ ထပ်တိုးသော ရထားလမ်းဖြစ်ကြောင်း ၊ မြို့တော် နိုင်ရိုဘီမှ အစပြု၍  ကင်ညာနိုင်ငံအနောက်ပိုင်း နယ်စပ်မြို့လေးဖြစ်သည့် မာလားဘာတွင် အဆုံးသတ်မည်ဖြစ်ရာ စုစုပေါင်း အရှည် ၄၈၇.၅ ကီလိုမီတာ ရှိပြီး အပိုင်း ၃ပိုင်းခွဲ တည်ဆောက်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.