Connect with us

Africa & Middle East

တူရကီ-ရုရှား-အီရန် ထိပ်သီးဆွေးနွေးပွဲကို သြဂုတ်လအတွင်း အန်ကာရာမြို့တွင် ကျင်းပမည်

တူရကီ-ရုရှား-အီရန် ထိပ်သီးဆွေးနွေးပွဲကျင်းပစဉ်(ဆင်ဟွာ)

အန်ကာရာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံအရေးနှင့် ပတ်သက်၍ တူရကီ-ရုရှား-အီရန် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို သြဂုတ်လအတွင်း တူရကီနိုင်ငံ၏ မြို့တော် အန်ကာရာတွင် ကျင်းပမည်ဖြစ်ကြောင်း တူရကီသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Ibrahim Kalinက ဇူလိုင် ၄ ရက်က ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ၏နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်၊ နိုင်ငံရေးဖြစ်စဉ်နှင့် ဒုက္ခသည်များ နေရပ်ပြန်လာရေးများ အပါအဝင် ဆီးရီးယားနိုင်ငံအခြေအနေများကို ထိပ်သီးအစည်းအဝေးတွင် ပြည့်ပြည့်စုံစုံ ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးမည့် နေ့ရက်ကို အတိအကျမပေးထားကြောင်း Kalin က သတင်းမီဒီယာများသို့ ပြောကြားသည်။

ဆီးရီးယားနိုင်ငံအနှံ့က တင်းမာမှုလျော့ကျနေသည့်ဇုန်များအတွင်း ပြောင်းလဲမှုများနှင့် Astana မြို့တော်တွင် ကျင်းပေနေသော ဆီးရီးယား တိုးတက်မှုကို ညှိနှိုင်းရန် ဖြစ်သည်။အဆိုပါထိပ်သီးအစည်းအဝေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ရုရှား ပင်လယ်နက် အပန်းဖြေဆိပ်ကမ်းမြို့ ဆိုချီတွင် ပထမဆုံး ကျင်းပခဲ့သည်။

ရုရှား၊ တူရကီ၊ ဂျာမနီနှင့် ပြင်သစ်ခေါင်းဆောင်များ၏ ဒုတိယ လေးပါတီ ထိပ်သီးအစည်းအဝေးပွဲကို သြဂုတ်လနှောင်းပိုင်း(သို့မဟုတ်) စက်တင်ဘာ အစောပိုင်းတွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်မီ ကျင်းပရန် စီစဉ်ထားကြောင်း Kalinက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.