Connect with us

Africa & Middle East

နိုင်ဂျာနိုင်ငံ အနောက်ပိုင်းတွင် ရဲစခန်းတစ်ခု တိုက်ခိုက်ခံရမှုဖြစ်ပွား ၊လူ ၃ ဦး သေဆုံး

နိုင်ဂျာနိုင်ငံတွင် ဘိုကိုဟာရမ် လက်နက်ကိုင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နီယာမေ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

နိုင်ဂျာနိုင်ငံ အနောက်ပိုင်း Dosso ပြည်နယ်ရှိ ရဲစခန်းတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက်တွင် အမည်မသိလက်နက်ကိုင်တစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Dossoပြည်နယ် Matankariဒေသ ရှိ ရဲစခန်းတစ်ခုကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျာနိုင်ငံ လုံခြုံရေးဌာန၏ သတင်းများအရ သိရသည်။

လက်နက်ကိုင်များက ဘဇူကာလက်နက်နှင့် ရဲစခန်း၏ ဂိုဒေါင်ကို တိုက်ခိုက်ခဲ့ပြီး ထွက်မပြေးမီ သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ၂ ဦး၏ ရုပ်လောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပိုက်စိပ်တိုက်ရှာဖွေမှုများ ပြုလုပ်ရန် နိုင်ဂျာရဲဘက်ဆိုင်ရာမှ တပ်ကူများကို အချင်းဖြစ်နေရာသို့စေလွှတ်ထားကြောင်း လုံခြုံရေးဌာနက ပြောကြားခဲ့သည်။

Dosso ပြည်နယ်သည် နိုင်ဂျီးရီးယားနိုင်ငံနှင့်ထိစပ်နေသည့် နိုင်ဂျာနိုင်ငံအနောက်ပိုင်းတွင် တည်ရှိပြီး နိုင်ဂျာနိုင်ငံ၏ မြို့တော် နီယာမေနှင့် ကီလိုမီတာ ၂၀၀ ခန့်ပင် မကွာဝေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.