Connect with us

Africa & Middle East

ဇမ်ဘီယာနိုင်ငံ၏ လေတပ်အကြီးအကဲဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီး

လေတပ်အကြီးအကဲဟောင်း Eric Chimeseအားတွေ့ရစဉ်(အင်တာနက်)

လူဆာကာ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ရာဇဝတ်မှုများကျူးလွန်မှုဖြင့် သတင်းကျော်စောနေသော လေတပ်အကြီးအကဲဟောင်းကို ဇမ်ဘီယာ လုံခြုံရေး အေဂျင်စီများက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က လေတပ်ဗိုလ်ချုပ်ကြီးအဖြစ်မှ ဖြုတ်ခံခဲ့ရသော Eric Chimeseသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးနှင့် အတူ အမှုလေးမှုအတွက် တရားစွဲဆိုခံထားရပြီး အိမ်ခြံမြေပိုင်ဆိုင်မှုများအား ဖုံးကွယ်ထားမှု၊ သတင်းအမှားပေးမှု၊ အာဏာကိုအလွဲသုံးစားမှုနှင့် ရာဇဝတ်မှုများကျူးလွန်ပြီး ရရှိသည်ဟု သံသယရှိရသော အကျိုးအကြောင်းခိုင်လုံမှုမရှိသော ပိုင်ဆိုင်မှုများရှိမှုတို့ကြောင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။

အဆိုပါ ပြစ်မှုများသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ၂၀၁၉ ဇန်နဝါရီ ၃၁ရက်ကြား ကျူးလွန်ခဲ့သည်ဟု ယုံကြည်ကြောင်း၊ ယင်း စွပ်စွဲမှုများသည် မကြာမီတွင် တရားရုံးတွင် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မရှင်က ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံ၏မြို့တော် Lusakaအတွင်းရှိ အိမ်ခြံမြေများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဏာပိုင်များက ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သမ္မတ Edger Lunguသည် အကျင့်ပျက်ခြစားမှုများဖြင့် ဖမ်းဆီးခံရသော မည်သူကိုမဆို ကာကွယ်ပေးမည်မဟုတ်ကြောင်း အစိုးရအရာရှိများအား သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၎င်းကိုယ်တိုင်လည်း မကြာမီက ခြစားမှုလုပ်ရပ်များဖြင့် ဖမ်းဆီးခံခဲ့ရသော ဝန်ကြီးတစ်ဦးအား တာဝန်ကဖယ်ရှားရန် ငြင်းဆိုခဲ့မှုကြောင့် ခြစားမှုတိုက်ဖျက်ရာတွင် အားနည်းသည်ဟု တိုက်ခိုက်ခံနေရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.