Connect with us

Africa & Middle East

နိုင်ဂျီးရီးယား ရွေးကောက်ပွဲ မဲဆွယ်ပွဲတွင် လူအုပ်စုလိုက် အလန့်တကြား ပြေးလွှားမှုကြောင့် သေဆုံးသူ ၁၅ ဦး အထိ မြင့်တက်လာ

နိုင်ဂျီးရီးယား ရွေးကောက်ပွဲ မဲဆွယ်ပွဲ တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

အဘူဂျာ ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ တောင်ပိုင်း Rivers ပြည်နယ်၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ပွဲ အတွင်း လူအုပ်စုလိုက် အလန့်တကြား ပြေးလွှားမှု တစ်ခုကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၅ ဦး အထိ မြင့်တက် လာခဲ့ကြောင်း ဆေးရုံ၏ ပြောရေးဆိုခွင့် ရှိသူက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

Port Harcourt သင်ကြားရေး ဆေးရုံ၏ အရေးပေါ်ဌာန၏ အချက်အလက် စာရင်းများ အရ သေဆုံးသူ ၁၅ ဦး အနက်တွင် အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၁၂ ဦးတို့ပါဝင်ကြောင်း အဆိုပါ ဆေးရုံ၏ ပြောရေးဆိုခွင့် ရှိသူ Kem Daniel-Elebiga က ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဒဏ်ရာ ရသူ ၁၂ ဦးအား ဆေးရုံသို့အချိန်မီ ပို့ဆောင်ခဲ့ပြီး သုံးဦးမှာ ဆေးရုံမှ ဆင်းခွင့် ရသွားပြီ ဖြစ်ကြောင်း ဆေးရုံ၏ ပြောရေးဆိုခွင့် ရှိသူ က ပြောကြားခဲ့သည်။

ထိုကဲ့သို့လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ နိုင်ဂျီးရီးယား နိုင်ငံ၏ မြို့တော် Rivers ပြည်နယ် ၊ Port Harcourt မြို့ရှိ အားကစားကွင်း တစ်ခုတွင် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နိုင်ဂျီးရီးယား နိုင်ငံ သမ္မတ Muhammadu Buhari ၏ မဲဆွယ် စည်းရုံးရေး အတွက် ထိုနေရာသို့စုဝေးရန် ရောက်ရှိလာစဉ် အာဏာရ အားလုံး တိုးတက်ရေး ကွန်ဂရက်(APC) ၏ ထောက်ခံသူများက ထိုနေရာမှ ထွက်ခွာရန် ကြိုးစားစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့လူအုပ်စုလိုက် အလန့်တကြား ပြေးလွှားမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြောင်း Rivers ပြည်နယ် ရဲတပ်ဖွဲ့မှ အစောပိုင်းတွင် အတည်ပြုခဲ့သည်။

နိုင်ဂျီးရီးယား နိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲအား ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပ၍ သမ္မတ နှင့် လွှတ်တော် ကိုယ်စားလှယ်များအား ရွေးချယ်သွားမည် ဖြစ်ပြီး မတ်လ ၂ ရက်တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးများ နှင့် နိုင်ငံတော် ဥပဒေပြု အမတ် များအား ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.