Connect with us

Africa & Middle East

ယီမင် မြို့တော်တွင် ဆော်ဒီ ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၈၂ ဦးအထိရှိလာ

ယီမင်တွင် ဈာပန အခမ်းအနားအား လေကြောင်း တိုက်ခိုက်ခံရပြီးနောက် သေဆုံးသူအား တွေ့ရစဉ် (အင်တာနက်)

ဆန်နား၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ မြို့တော်ဆန်းနားရှိ ဈာပန ခန်းမ တစ်ခုအား ဆော်ဒီ ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုများကြောင့် လူပေါင်း ၈၂ ဦး သေဆုံးခဲ့ပြီး ၅၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ယာယီ ကျန်းမာရေး ဝန်ကြီး ဂါဇီ အစ္စမေးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်းသို့ အရပ်သားများနှင့် အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်သည့် ဆိုးရွား ရက်စက်သော လေကြောင်းတိုက်ခိုက်မှုများအား အကြီးအကျယ် ရှုတ်ချကြောင်း ယာယီ ကျန်းမာရေး ဝန်ကြီးက ပြောကြားခဲ့သည်။ကျန်းမာရေး ဝန်ကြီးက ပြည်သူများအား ဒဏ်ရာရရှိသူများသူအတွက် သွေးလှူဒါန်းပေးကြရန်နှင့် ဆရာဝန်များကိုလည်း ကုသရာတွင် အကူအညီပေးကြရန် မေတ္တာရပ်ခံထားသည်။ယင်းနေ့ အစောပိုင်းက ဆန်နားမြို့ရှိ ဈာပန အခမ်းအနားသို့ ဆော်ဒီ ဦးဆောင်သည့် မဟာမိတ် တိုက်လေယာဉ်များက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများနှင့် မျက်မြင် သက်သေများက ပြောသည်။အဆိုပါ လေကြောင်း တိုက်ခိုက်မှုသည် ယာယီ ပြည်ထဲရေး ဝန်ကြီးနှင့် ဟူသီ (Houthi) အစိုးရသစ္စာခံ Jalal al-Ruwaishan ၏ ဖခင်၏ ဈာပန အခမ်းအနားအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းသွားတဲ့ ရုပ်အလောင်းတွေ ကျွန်တော်တို့ အများကြီး ဆွဲထုတ်ခဲ့ရတယ်၊ အနည်းဆုံး ၁၆၀ လောက် ရှိမယ်ထင်တယ်၊ ပြိုကျတဲ့ အုတ်ကျိုးအုတ်ပဲ့တွေကြားထဲမှာလဲ ကျန်နေနိုင်သေးတယ်” ဟု ကယ်ဆယ်ရေးသမား ခါလက် ယိုဆက်ဖ်က ဆင်ဟွာသို့ ပြောသည်။ထို့ပြင် ယာယီ ပြည်ထဲရေး ဝန်ကြီး al-Ruwaishan နဲ့ မြို့တော်ဝန် အဗ္ဗဒူလ်-ခါဒါ ဟီလယ် တို့လည်း သေဆုံးသွားကြောင်း ၎င်းက ပြောသည်။လေကြောင်း တိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြောင်းနှင့် သုံးကြိမ်မြောက်သည် ခန်းမသို့ တိုက်ရိုက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။Houthi အစိုးရအား သမ္မတဟောင်း Saleh ၏တပ် အင်အားစုက ကျောထောက်နောက်ခံ ပေးထားခြင်း ဖြစ်ပြီး Hadi အစိုးရ လာဘ်စားမှုအား ဆန့်ကျင်ကြောင်း ကြွေးကြော်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ၌ ဆန်နားတွင် ရုတ်တရက် တိုက်ခိုက် အာဏာသိမ်းခဲ့သည်။ ဆန်နားမြို့တော်နှင့် နိုင်ငံ မြောက်ပိုင်းအား သိမ်းပိုက်ထားပြီး Hadi နှင့် အစိုးရအား ပြည်နှင်ဒဏ်ပေးခဲ့သည်။Houthi အစိုးရနှင့် Saleh တပ် အင်အားစုအား ဆန့်ကျင်သည့် ဆော်ဒီ ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့သည် ၂၀၁၅ ခုနှစ် မတ်လ ၂၆ ရက်တွင် မြို့တော်အား ပြန်လည် သိမ်းပိုက်နိုင်ရန်နှင့် Hadi အစိုးရ အာဏာပြန်ရရန်အတွက် စစ်ဆင်ရေး တစ်ရပ်နှင့် လေကြောင်း တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)