Connect with us

Africa & Middle East

ပါလက်စတိုင်းသမ္မတ ကျန်းမားရေးစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဆေးရုံမှပြန်ဆင်းလာ

ပါလက်စတိုင်းနိုင်ငံ သမ္မတ Mahmoud Abbasအားတွေ့ရစဉ် (ဆင်ဟွာ)

ရာမာလာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းသမ္မတ Mahmoud Abbas သည် ၎င်း၏ရုံးခန်းအတွင်း မူးလဲသွားသဖြင့် အနောက်ဖက်ခြမ်း ဒေသ၊ ရာမာလာ မြို့ရှိ ဆေးရုံတစ်ခုသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ပြီး ယခုအခါတွင် ဆေးရုံမှပြန်လည် ဆင်းလာပြီဖြစ်ကြောင်း သိရသည်။

ပါလက်စတိုင်းနိုင်ငံပိုင် သတင်းဋ္ဌာန WAFA က ဆေးရုံ၌ သမ္မတ Abbas သည် ကျန်းမာရေးဆေးစစ်မှုများ ပြုလုပ်ကာ နာရီပေါင်းများစွာ အနားယူပြီးနောက် ဆေးရုံမှ ပြန်လည်ဆင်းလာခဲ့ကြောင်း ဖော်ပြခဲ့သည်။

ပါလက်စတိုင်းနိုင်ငံ သမ္မတပြောရေးဆိုခွင့်ရှိသူ Nabil Abu Rudeinah က သမ္မတ Abbas အား ၎င်း၏ ကိုယ်ရေးဆရာဝန် က ရုံးခန်းအတွင်း ကျန်းမာရေးအခြေအနေစစ်ဆေးပြီးနောက် ရာမာလာ မြို့ရှိ Arab Istishari ဆေးရုံသို့ အောက်တိုဘာ ၆ရက် နံနက်ပိုင်းက ကျန်းမာရေးဆေးစစ်မှုများပြုလုပ်ရန် ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အသက် ၈၁နှစ်ရှိပြီဖြစ်သော Abbas သည် ၂၀၀၅ခုနှစ် ပါလက်စတိုင်းတွင်ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ သမ္မတဟောင်း Yasser Arafat ကို အနိုင်ရရှိကာ သမ္မတဖြစ်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.