Connect with us

Africa & Middle East

လစ်ဗျားကမ်းရိုးတန်းအလွန် ၌ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၂၃ဦးကို ရေနံတင်သဘောၤတစ်စီး ကယ်တင်

လစ်ဗျားကမ်းရိုးတန်းအလွန် ၌ တရားမဝင် ရွှေ့ပြောင်းသွားလာသူများအား ကယ်ဆယ်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

ထရီပိုလီ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း နှင့် ဆိပ်ကမ်းလုံခြုံရေးဌာန က လစ်ဗျားနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းအလွန်တွင် ၌ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၂၃ဦးကို ရေနံတင်သဘောၤတစ်စီး မှ ကယ်တင်ခဲ့ကြောင်း မတ် ၁၂ရက်နှောင်းပိုင်းက ပြောကြားခဲ့သည်။

ယင်းဌာနက တရားမဝင် ဆူဒန်ရွှေ့ပြောင်းသွားလာသူ ၂၃ ဦး ၏ အဆိုပါလှေမှာ တိမ်းမှောက်ခဲ့ပြီး ပျက်စီးခဲ့ကာ ပင်လယ်အတွင်း ရက်ပေါင်းများစွာ မျောပါနေခဲ့ရာ မတ် ၁၂ ရက် နံနက်ပိုင်းတွင် ရေနံတင်သင်္ဘောတစ်စီးက Bouri ရေနံလုပ်ကွက်အလွန်၌ ၎င်းတို့အား ကယ်ဆယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Bouri သည် ကမ်းလွန်ရေနံနယ်မြေ တစ်ခုဖြစ်ပြီး မြေထဲပင်လယ်အတွင်းရှိ လစ်ဗျားကမ်းရိုးတန်း၏ အနောက်မြောက်ဘက် ၁၂၀ကီလိုမီတာ အကွာတွင်တည်ရှိကြောင်း သိရသည်။

ယင်း ရွှေ့ပြောင်းသွားလာသူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ထားပြီး ၎င်းတို့အား မြို့တော် ထရီပိုလီမြို့ရှိ လက်ခံရေးစင်တာတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ဌာနကပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံသည် နိုင်ငံအတွင်း လုံခြုံရေးမတည်ငြိမ်မှု နှင့် ပဋိပက္ခများကြောင့် ထောင်ပေါင်းများစွာသော တရားမဝင်ရွှေ့ပြောင်းသွားလာသူများအနေဖြင့် မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပတိုက်သို့ သွားရောက်ရန် အတွက် ထွက်ခွာရာ ဆုံမှတ်တစ်ခုဖြစ်လာကြောင်း သိရသည်။

နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများ အဖွဲ့အစည်း (IOM) က လစ်ဗျားနိုင်ငံသို့ ရောက်ရှိလာသည့် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၁၆,၀၀၀ ကျော် ကို ၎င်းတို့၏ မူလနိုင်ငံများသို့ ပြန်ပို့ရန် ၎င်းတို့ အဖွဲ့အနေဖြင့် အကျိုးအမြတ်မယူဘဲ ဆောင်ရွက်ပေးခဲ့ကြောင်း ၂၀၁၈ခုနှစ် ဒီဇင်ဘာ တွင်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.