Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတပ်ဖွဲ့က လက်နက်ကိုင် အမျိုးသား ၅၅ဦးကို သုတ်သင်ရှင်းလင်း

စစ်ဆင်ရေးတစ်ခုမှ နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

လာဂို့စ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ် ရှိ တပ်ဖွဲ့ဝင်များ နှင့် လက်နက်ကိုင်များအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လက်နက်ကိုင် အမျိုးသား ၅၅ဦးသေဆုံးခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ က မတ် ၁၂ ရက်တွင်ပြောကြားခဲ့သည်။

လေတပ်ပြောရေးဆိုခွင့်ရှိသူ Clement Abiade က Zamfara ပြည်နယ် Gusau မြို့ တွင် စစ်သားများသည် အခြားလက်နက်ကိုင် ၂၄ဦးကို ဖမ်းဆီးခဲ့ပြီး တရားခွင်သို့ ပို့ဆောင်နိုင်ရန် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

Abiade က အဆိုပါ စစ်ဆင်ရေးအတွင်း လက်နက်များကို သိမ်းဆည်းနိုင်ခဲ့ပြီး ပြည်နယ်အတွင်းရှိ ရွာများမှ ပြန်ပေးဆွဲခံထားရသော လူ အယောက် ၇၆၀ ကိုလည်း တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်း၏ပြောကြားချက်အရ အဆိုပါ စစ်ဆင်ရေးအတွင်း တပ်ဖွဲ့ဝင် ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Zamfara ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများကို ရာဇဝတ်ဂိုဏ်းများ၊ ကျွဲနွားသူခိုးများ နှင့် ပြန်ပေးသမားများက တိုက်ခိုက်ခဲ့ပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာလအတွင်း အနည်းဆုံး တိုက်ခိုက်မှုကြီး ၂ခုဖြစ်ပွားခဲ့ကာ လူပေါင်းများစွာသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက်တစ်ခုအရ ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် “Sharan Daji” စစ်ဆင်ရေးမှ တပ်ဖွဲ့ဝင်များသည် Zamfara ပြည်နယ်အတွင်းရှိ Dumburum နှင့် Gando တောအုပ်မှ လက်နက်ကိုင်ဓါးပြများစွာ နှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဓါးပြ ၅၈ဦးသေဆုံးကာ ၎င်းတို့အသုံးပြုသည့် စခန်း ၁၈ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.