Connect with us

Africa & Middle East

ဂျပန်နိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ရန်ဖိတ်ကြားချက်အား အီဂျစ်သမ္မတစီစီ လက်ခံရရှိ

အီဂျစ်နိုင်ငံသမ္မတစီစီအားတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ဇွန်လ ဂျပန်နိုင်ငံ အိုဆာကာ မြို့တွင် ဇွန်၂၈ နှင့် ၂၉ရက်တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအားတက်ရောက်ရန် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) ၏ ဖိတ်ကြားချက်ကို အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒယ်လ်-ဖက်တာ အယ်လ်-စီစီ (Abdel-Fattah al-Sisi) အနေဖြင့် မတ်လ ၁၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

အီဂျစ်နိုင်ငံတွင် ဂျပန်နိုင်ငံမှ သံအမတ် နှင့် အစည်းအဝေးကျင်းပနေစဉ်ကာလအတွင်း သမ္မတစီစီက၎င်းဖိတ်ကြားချက်ကိုလက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဘက်ဆန်ရယ်ဒီ(Bassam Rady)ထုတ်ပြန်ချက်တွင်ပါရှိသည်။

အာဖရိကသမဂ္ဂ ၏ လက်ရှိဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေစဉ် ၎င်းဖိတ်ကြားချက်က အာဖရိကတွင် အီဂျစ်နိင်ငံ၏ အနေအထားအားထင်ဟပ်စေကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားသည်။

၎င်းG20 အစည်းအဝေးကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများ ၏ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဆုံးဖြတ်ချက်ချခြင်း တို့အတွက် ထိပ်တန်းဖိုရမ် တစ်ခုဖြစ်သည်။ G20 အဖွဲ့တွင် နိုင်ငံပေါင်း ၁၉ နိုင်ငံ နှင့် ဥရောပသမဂ္ဂတို့ က အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.