Connect with us

Africa & Middle East

အစ္စရေး-အမေရိကန်-ရုရှား သုံးနိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပရန် အစ္စရေး စီစဉ်

ရုရှား-အမေရိကန်- အစ္စရေး သုံးနိုင်ငံ အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်က ဂျေရုဆလင်တွင် ကျင်းပစဉ်(ဆင်ဟွာ)

ဂျေရုဆလင်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

အစ္စရေး-အမေရိကန်-ရုရှား သုံးနိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲကို ဂျေရုဆလင်တွင် ကျင်းပရန် အစ္စရေးက စီစဉ်နေကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူး(Benjamin Netanyahu) က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိ အစ္စရေးအနေဖြင့် အီရန်နှင့် ဆီးရီးယားအရေးကိစ္စများကို ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်သွားရန် အစ္စရေး-အမေရိကန်-ရုရှား သုံးနိုင်ငံ အဆင့်မြင့် ဆွေးနွေးပွဲကို ဂျေရုဆလင်တွင် ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ဘင်ဂျမင် နေတန်ယာဟူးက စက်တင်ဘာ ၃ ရက် ဝန်ကြီးအဖွဲ့ပုံမှန်အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ဘင်ဂျမင် နေတန်ယာဟူးက အစ္စရေး စစ်တပ်နှင့်လုံခြုံရေးဌာန၏ ဦးတည်ချက် သုံးရပ်မှာ အီရန် နျူကလီးယားအစီအစဉ်ကို တားဆီးရန် ၊ အီရန်က လက်ဘနွန် Hezbollahပါတီကို လက်နက်ပို့ဆောင်နေမှုအား တားဆီးရန်၊ အီရန်နှင့် ၎င်းတို့၏သက်ဆိုင်သူများ အစ္စရေးနယ်စပ်တွင် အင်အားအခိုင်အမာချထားမှုကို တားဆီးရန် ဖြစ်ကြောင်း ဆိုသည်။ ဦးတည်ချက်များကို အကောင်အထည်ဖော်နိုင်ရန် သံတမန်နည်းလမ်း၊လုံခြုံရေးနည်းလမ်း၊ထောက်လှမ်းရေး နည်းလမ်းများဖြင့် ဆောင်ရွက်သွား မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲကျင်းပမည့် အချိန်အတိအကျကိုမူ ဘင်ဂျမင် နေတန်ယာဟူး၏ ပြောကြားချက်တွင် ဖော်ပြခြင်း မရှိသေးကြောင်း သိရသည်။

အစ္စရေးမီဒီယာများ၏ သတင်းများအရ ဆွေးနွေးပွဲကို အစ္စရေး လွှတ်တော် ရွေးကောက်ပွဲကျင်းပမည့် စက်တင်ဘာ ၁၇ ရက် မတိုင်မီဆောင်ရွက်ရန် ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ခြင်းမှာ ဘင်ဂျမင် နေတန်ယာဟူးက ၎င်း၏သံတမန်ရေးအစွမ်းအစကို ဖော်ပြလို၍ ဖြစ်ကြောင်း ဆိုသည်။

ယခုနှစ် ဇွန်လက အစ္စရေး၊အမေရိကန်နှင့်ရုရှား သုံးနိုင်ငံ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ၏ ဆွေးနွေးပွဲကို ဂျေရုဆလင်တွင် ကျင်းပခဲ့ပြီး ဆီးရီးယား စစ်ရေးကဏ္ဍတွင်း အီရန်၏တည်ရှိမှုကို အဓိကထားဆွေးနွေးခဲ့ကြရာ သဘောတူညီမှုမရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.