Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံအခြေစိုက် ရုရှားလေတပ်စခန်းက မောင်းသူမဲ့လေယာဉ်နှစ်စီးအား ပစ်ချ

ဆီးရီးယားနိုင်ငံ ဒမတ်စကက်စ်မြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်စ်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Hmeimim အခြေစိုက် ရုရှား လေတပ်စခန်းကို ချဉ်းကပ်လာသည့် မောင်းသူမဲ့လေယာဉ်နှစ်စီးကို ယင်းလေတပ်စခန်း၏လေကြောင်းကာကွယ်ရေးစနစ်က စက်တင်ဘာ ၃ ရက်တွင် ပစ်ချခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်များမှာ အနောက်မြောက်ပိုင်းမှ Hmeimim လေတပ်စခန်းအား ချဉ်းကပ်လ သည်ကို တွေ့ရှိပြီးနောက် ယခုကဲ့သို့ ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ကိုးကား၍ SANA သတင်းအေဂျင်စီက ဖော်ပြထားသည်။ အချင်းဖြစ်ပွားမှုတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားခဲ့ကြောင်းနှင့် လေတပ်အခြေစိုက်စခန်းက ပုံမှန်လည်ပတ် နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ်ကို အစွန်းရောက်အကြမ်းဖက်အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်ပြီး အိုင်ဒလစ်ပ်(Idlib)ပြည်နယ်မှ လာခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ Hmeimim လေတပ်စခန်းသို့ မောင်းသူမဲ့လေယာဉ်ချဉ်းကပ်မှု အကြိမ်ပေါင်းများစွာဖြစ်ပွားခဲ့ရာ ရုရှားတပ်မှပစ်ခတ်တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မောင်းသူမဲ့လေယာဉ်များက ဆီးရီးယား အစိုးရတပ်နှင့် အစွန်းရောက်အဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာ သို့မဟုတ် ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့်နေရာများမှ လာခြင်းဖြစ်ကြောင်း ရုရှား၏စုံစမ်းစစ်ဆေးမှုများတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.