Africa & Middle East
အကြမ်းဖက်ဝါဒကို ထောက်ခံနေကြောင်း စက်မှုထိပ်သီးနိုင်ငံများအဖွဲ့(G7) ၏ စွပ်စွဲချက်ကို အီရန် ငြင်းဆို
တီဟီရန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံအနေဖြင့် အကြမ်းဖက်အဖွဲ့များအား ဘဏ္ဍာရေးအရ ထောက်ပံံ့ကူညီနေကြောင်း စွပ်စွဲထားသည့် စက်မှုထိပ်သီးနိုင်ငံများအဖွဲ့(G7)၏ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကြေညာချက်ကို အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၁၁ ရက်တွင် ပယ်ချလိုက်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး ၎င်းထုတ်ပြန်ချက်သည် အရှေ့အလယ်ပိုင်းဒေသ၌ မတည်ငြိမ်မှုဖြစ်အောင် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားလိုက်သည်။
ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးအတွက် အီရန်နိုင်ငံက စိုးရိမ်ပူပန်မှု ရှိကြောင်း နှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွင် ငွေကြေးများ ကုန်ကျနေရကြောင်း Qasemi က ဆိုသည်။
အမေရိကန်နိုင်ငံ နှင့် ၎င်းအပေါင်းအပါများ၏ စွပ်စွဲချက်များမှာ ဒေသတွင်း အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေသော အီရန်နိုင်ငံအပေါ် သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံ ကွီဘိ(Quebec) တွင်ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သော G7 ကြေညာချက်တွင် အီရန်နိုင်ငံသည် ဒေသတွင်း တည်ငြိမ်မှုပျက်ပြားအောင် လုပ်နေဆောင်ပြီး အကြမ်းဖက်အုပ်စုများအား ဘဏ္ဍာရေးထောက်ပံ့ကူညီမှုများပြုလုပ်နေကြောင်း ဖော်ပြထားသည်။(Xinhua)