Connect with us

Africa & Middle East

အီရတ်လုံခြုံရေးရဲတပ်ဖွဲ့က ရွေးကောက်ပွဲကော်မရှင်ဂိုဒေါင် မီးလောင်မှု ဖြစ်ပွားအောင် လုပ်ဆောင်သည်ဟု သံသယရှိသူ ၄ ဦးအား ဖမ်းဆီး

အီရတ်ရွေးကောက်ပွဲကော်မရှင် ဂိုဒေါင် မီးလောင်နေသည်ကို တွေ့ရှိစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဘဂ္ဂဒက် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အီရတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဆန္ဒမဲသေတ္တာများထားရှိသည့် ဂိုဒေါင်မီးလောင်မှု ဖြစ်ပွားအောင်လုပ်ဆောင်သည်ဟု သံသယရှိသူ ၄ ဦးအား အီရတ် ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း အီရတ်တရားစီရင်ရေးဌာနက ဇွန်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

တရားရုံးအမိန့်ဖြင့် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ရဲဝန်ထမ်း ၃ ဦး နှင့် ရွေးကောက်ပွဲကော်မတီဝင် ၁ ဦး ကို ဖမ်းဆီးခဲ့ကြောင်း အီရတ်အဆင့်မြင့်ဆုံး တရားစီရေးကော်မတီ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။ဇွန်လ ၁၀ ရက် ညနေပိုင်းက ဘဂ္ဂဒက်မြို့လယ်ခေါင်ရှိ ဆန္ဒမဲသေတ္တာများ၊ မဲဆန္ဒရေတွက်သည့် အီလက်ထရောနစ်စက်ပစ္စည်းများ ထားရှိသည့် ဂိုဒေါင် ၃ ခု မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.