Connect with us

Africa & Middle East

အီရန်မြို့တော် တီဟီရန်တွင် ဆိုးဝါးသောရာသီဥတုကြောင့် ဒဏ်ရာရ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား

မိုးကြိုးပစ်ခတ်မှုနှင့်လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားနေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

တီဟီရန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အီရန်မြို့တော် တီဟီရန်တွင် ဇွန်လ ၁၁ ရက်နေ့ညပိုင်းမှ ၁၂ ရက်နေ့နံနက်ပိုင်းအတွင်း မိုးကြိုးပစ်ခတ်မှုနှင့်လေပြင်းတိုက်ခတ်မှုများကြောင့် ယခုလက်ရှိ ဒဏ်ရာရသူ အနည်းဆုံး ၁၈ ဦး ရှိကြောင်း သိရသည်။

တီဟီရန်တောင်ပိုင်းနှင့်အရှေ့ပိုင်းဒေသများတွင် မိုးကြိုးပစ်ခတ်မှုနှင့်လေပြင်းတိုက်ခတ်မှုများဖြစ်ပွား ခဲ့ကြောင်း ၊မုန်တိုင်းဖြစ်ပွားရာ ဗဟိုနေရာ၏ လေတိုက်နှုန်းသည် ၁ နာရီလျှင်၈၃ ကီလိုမီတာ ရှိပြီး သစ်ပင်နှင့်ဓာတ်တိုင်များ ပြိုလဲကာ လူနေအိမ်ခြေအများအပြား လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရ ကြောင်း၊ ဒဏ်ရာရသူမှာလည်း အနည်းဆုံး ၁၈ ဦး ရှိကြောင်း ဒေသခံအရေးပေါ်ကယ်ဆယ်ရေး စင်တာက ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်နွေအဝင်ကာလတွင် အီရန်မြောက်ပိုင်းဒေသအများအပြားတွင် မိုးကြိုးပစ်ခတ်မှုနှင့် လေပြင်း တိုက်ခတ်မှုများ မကြာခဏရှိပြီး ဆိုးဝါးသော ရာသီဥတုကြောင့် သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရသူ ၁၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း ဒေသခံ အရေးပေါ်ကယ်ဆယ်ရေးစင်တာ၏ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.