Connect with us

Africa & Middle East

ဒမတ်စကတ်တွင် IS အဖွဲ့က ဖမ်းဆီးထားသည့် အလုပ်သမား ၁၄၀ ဦး ပြန်လည် လွတ်မြောက်လာ

ဒမတ်စကတ်တွင် IS အဖွဲ့က သိမ်းပိုက်ထားသည့် စက်ရုံအား ဝေဟင်မှ မြင်ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကတ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်၏ အရှေ့မြောက်ပိုင်း ရှိ Dumair မြို့တွင် IS စစ်သွေးကြွများက ဖမ်းဆီးထားသည့် အလုပ်သမား ၁၄၀ ဦး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း pan-Arab al-Mayadeen ရုပ်သံလိုင်း က ဧပြီလ ၇ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

လွတ်မြောက်လာသည့် အလုပ်သမား ၁၄၀ ဦးသည် ဧပြီလ ၄ ရက် နေ့လည်ပိုင်းက ဘိလပ်မြေ စက်ရုံအား IS အဖွဲ့က တိုက်ခိုက် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဓါးစားခံ အလုပ်သမား ၃၄၄ ဦး အနက်မှ အချို့ ဖြစ်ပြီး ကျန် ဓါးစားခံများ မှာမူ IS အဖွဲ့၏ လက်အောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
အစောပိုင်း သတင်း ရရှိချက်များ အရ စက်ရုံ တိုက်ခိုက်ခံရမှုနှင့် Dumair ရှိ လေတပ် စခန်း တိုက်ခိုက်ခံရမှုတို့၏ နောက်ကွယ်တွင် IS အဖွဲ့အား ထောက်ခံသည့် သူပုန် အုပ်စုများ ပါဝင်နေကြောင်း သိရသည်။
ဆီးရီးယား စစ်တပ်သည် လေတပ်စခန်း တိုက်ခိုက်ခံရမှု အား ပြန်လည် တွန်းလှန် နိုင်ခဲ့သော်လည်း စက်ရုံကိုမူ IS အဖွဲ့က သိမ်းပိုက်ထားဆဲဖြစ်ပြီး Dumair မြို့သည် အစွန်းရောက် အုပ်စုများ နှင့် ဆီးရီးယားစစ်တပ် လက်အောက် တွင် နှစ်ခြမ်းကွဲလျက် ရှိကြောင်း သိရသည်။
နိုင်ငံပိုင် သတင်းဋ္ဌာန SANA က ဆီးရီးယား အာဏာပိုင်များသည် ဓါးစားခံများ လွတ်မြောက်လာရေး အတွက် ကြိုးပမ်းလျက် ရှိကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.